အခန်း ၄၈။ ဘန်းမုန့်နှစ်ခုကြောင့် ဆေးရုံရောက်
လင်းမုန့်ဟာ ဒီပိတ်ရက်၌ တစ်ယောက်တည်းတော့ မဟုတ်ပါချေ။ broadcast room ထဲရှိ သိန်းနှင့်ချီသော water friend များလည်း သူနှင့်အတူရှိသည်။
ပွဲတော်အတွင်း လင်းမုန့်၏ live broadcastကို လာကြည့်ကြသူများသည် *true love fan များဖြစ်ကြသည်။ ထို့ကြောင့်လင်းမုန့်သည် ထို true love fan များကို အကျိုးကျေးဇူးတစ်ချို့ပေးရန် အစီအစဉ်ချလိုက်သည်။
{*true love fans: သူတို့idolက သူတို့၏ဘ၀၌ အဓိကလွှမ်းမိုးထားသကဲ့သို့ အရူးအမူးဖြစ်တတ်သော ပရိတ်သတ်}
"အခုလိုအချိန်မှ *eating live လွှင့်တဲ့ anchor တွေ မရှိဘူးဟုတ်...။ ဒီည eating live လွှင့်ပေးရမလား။"
{*eating live : live လွှင့်ပြီး အစားအသောက်စားပြတာမျိုးပါ။ မုန့်မုန့်ပြောတဲ့သူတွေကတော့ အစားအသောက်ဘလော့ဂါသီးသန့်မျိုးမဟုတ်ဘဲ ဂိမ်းဆော့တဲ့သူတွေထဲကပါပဲ။}
— ကောင်းတယ်။ ကောင်းတယ်။ live နဲ့ ကောက်ညှင်းထုပ်စားပြပါ။
"ကောက်ညှင်းထုပ်ဆိုမှသတိရ။ ငါတို့ကန်တင်းက ကောက်ညှင်းထုပ်တွေက တအားချိုတာနော်။ အိုး... ဟုတ်သား။ နောက်ပြီးကျရင် ဒုတိယယကန်တင်းက ဘန်းမုန့်ပေါင်းကို စားပြမယ်။ နှစ်ခုတောင်စားမှာနော်"
— မင်းရဲ့စိတ်ရင်းကရော ဘယ်မှာလဲ။ anchor တွေ eating liveလုပ်ရင် သူတို့ကအနည်းဆုံး အခု၃၀ လောက်စားတာ။
"တော်စမ်းပါ။ ဖိုက်တာတစ်ယောက်တောင် ငါတို့ကျောင်းကန်တင်းက ဘန်းမုန့်ပေါင်းကို တစ်ခုပဲစားနိုင်တယ်။ ရဲရင့်တဲ့ဖိုက်တာမျိုးမှ နှစ်ခုစားနိုင်တာ"— သုံးခုစားနိုင်တဲ့သူဆိုရင်ရော
"အာဇာနည်သူရဲကောင်းပေါ့"
ဒီလိုနဲ့ စိတ်ကျေနပ်စွာပင် ဆုံးဖြတ်ခဲ့သည်။ လင်းမုန့်သည် "anchorတော့ ဘန်းမုန့်ပေါင်းတွေ၀ယ်ဖို့သွားပြီ" ဟူသည့် စာတန်းကို ကွန်ပျူတာပေါ်၌ ချန်ထားရစ်ခဲ့ပြီး လူကတော့ ဒုတိယကန်တင်းဆီ ပြေးလေပြီ။
ထို့နောက် ဘေးဘက်မှ ဆေးဆိုင်သို့ အရေးပေါ်အခြေအနေအတွက် ဆေး၀ယ်ရန် ဆက်သွားလိုက်သည်။ ပြန်ရောက်ပြီးနောက်...
VOCÊ ESTÁ LENDO
(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)
Romanceလင်းမုန့်က "နဂါးငွေ့တန်းဒဏ္ဍာရီ"ဆိုတဲ့gameမှာ rank မြင့်တဲ့အပျော်တမ်းကစားသမားတစ်ယောက်ဖြစ်သည်။ ပြီးတော့ အဆိပ်ပြင်းသည့်လျှာကိုလည်း ပိုင်ဆိုင်ထားသေးသည်။ သူက တခြားသူတွေကိုအနိုင်ယူတဲ့အချိန်ဆိုလျှင် ကြင်နာတတ်တဲ့စကားလုံးတွေထားခဲ့သည် : ဒ...