Chapter 71 - လီမွန်ဖေဖေ့မျက်နှာဖြတ်ရိုက်ခံရ
ကင်မရာတစ်လုံး၀ယ်ခြင်းက မှန်ကန်သောဆုံးဖြတ်ချက်တစ်ခုဖြစ်သည်။ အများအားဖြင့် အအေးမိခြင်း မရှိသူများသည် ဖျားပြီဆိုလျှင် နာလန်ထရန် ခက်ခဲသည်ဟု ဆိုကြသည်။
ရှန့်ကျူ မြောက်ဘက်ဟယ်ပေကိုပြနန်ပြီးနောက် အအေးပတ်နေမကောင်းဖြစ်တာ မပျောက်ရုံသာမက ပိုပြီးဆိုးသည်ထက်ဆိုးလာကာ သူ့အသံမှာ ကြားရသူ၏နားထဲတွင် အက်ကွဲနေသည်။
ဂိမ်းကစားရင်း အစီရင်ခံတင်ပြခြင်းမလုပ်နိုင်ဘဲ ကစားရုံသာကစားနိုင်သည်။ ဒါကြောင့် ကင်မရာ၀ယ်လိုက်ခြင်းက ပရိတ်သတ်ကို ချွေးသိပ်နိုင်ခဲ့သည်။ 
ပင်မစာမျက်နှာရဲ့ အကြံပြုချက်ကိုကြည့်ရင်း ဖြတ်‌လျှောက်သွားသူလေး : အာ.. ဒီ anchor က တိတ်လှချည်လား။ attention ရှာနေတာလား။
မင်းဂွတ်သီးနတ်ဘုရား၏ ဖျားနာမှုက သူ၏ girlfriend powder များကို အလွန်အမင်းစိတ်ပူစေသည်။ သူမတို့သည် ငိုကြွေးကာ လက်ဆောင်များပေးကြသည်။ 
လင်းမုန့်တောင်မှ ကြောင်ခြံ၀င်းလက်ဆောင်နှင့် 'ရေနွေးများများသောက်နော်' ဟူသော စကားလုံးလေးလုံးပါ စာတစ်စောင်ကို တွေ့လိုက်ရသည်။
လင်းမုန့် အလွန်စိတ်ပူလာသည်။ ရှန့်ကျူက တစ်ကြိမ်မက နှစ်ကြိမ်တောင် ဘာလို့အအေးမိနိုင်ရတာလဲ။ သူကသူ့ရဲ့ကောင်လေးလေ။ သူတောင်အများကြီး မလုပ်ပေးရသေးတာကို girlfriend powder တွေက အများကြီး ဂရုစိုက်ပေးနေကြသည်။ ဒါက သူ့ကို ဘေးကျပ်နံကျပ်ဖြစ်စေသည်။
လီမွန့်မာမားသည် သူမသား စိတ်ရှုပ်ထွေးနေကာ အစားလျော့သွားကြောင်းသိသည်။ ထမင်းသုံးပန်းကန်ကနေ နှစ်ပန်းကန်ပဲ စားနိုင်တော့သည်လေ။ နဂိုကတည်းက သွယ်သည့်အထဲ ပိုပြီးပိန်သွားတော့မည်။
ဒီလိုနှင့် နှစ်ရက်အကြာမှာတော့ ရှန့်ကျူတစ်ယောက် တံခါးလာဖွင့်ပေးရန် လင်းမုန့်ထံမှပို့လိုက်သောစာကို လက်ခံရရှိလေသည်။ သူတံခါးဖွင့်လိုက်ရာ အပြင်မှာရပ်နေသော လင်းမုန့်ကို အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရတော့သည်။
(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)Where stories live. Discover now