Chapter 1"နဂါးငွေ့တန်းဒဏ္ဍာရီ" ဟူသည်မှာ ကမ္ဘာတစ်ဝှမ်းအောင်မြင်ကျော်ကြားသော e-sports game တစ်ခုဖြစ်သည်။ သည်မဟာဗျူဟာဂိမ်းမှာ တစ်ဦးတည်းကစားခြင်းနှင့် ကစားသမားပေါင်းစုံပါဝင်သည့် စစ်ပွဲများဟူ၍ပါရှိပြီး ဂိမ်းကိုစတင်ချိန်ကစလို့ လူငယ်များကြားထဲ ကျော်ကြားခဲ့သည်။
အောင်မြင်စွာကြေငြာပြီးချိန်မှာတော့ ရန်ရှန်းတက္ကသိုလ်၏ တက္ကသိုလ်ခွဲတွင် အဆိုပါ "နဂါးငွေ့တန်းဒဏ္ဍာရီ"၏ ဆွဲဆောင်မှုအားနှင့် ကစားသမားအရေအတွက်ဟာ အောင်မြင်ကျော်ကြားနေဆဲဖြစ်သော "Pale Soul OL"နှင့် ညီမျှလုနီးပါးဖြစ်သွားခဲ့လေသည်။
လူသစ်တစ်ယောက်အနေနှင့် လင်းမုန့်ဟာ အင်တာနက်စွဲလမ်းသူတစ်ယောက်ဖြစ်လာခဲ့သည်။ သူ၏ပြောင်မြောက်သော ဂိမ်းတင်ဆက်မှုနှင့် သန်မာသောကိုယ်ပိုင်စတိုင်လ်တို့ကြောင့် သူဟာ'နဂါးငွေ့တန်း'၏ ဆယ်လီစာရင်းတွင် အောက်ဆုံးနားမှာ အောင်မြင်စွာချိတ်ခဲ့သည်။
ကံဆိုးချင်တော့ အောင်မြင်မှုအတွက် သူ့ရဲ့အကြောင်းပြချက်က သူ၏ဂိမ်းတင်ဆက်မှုနှင့်တော့ အခြေခံအားဖြင့် ဆက်စပ်မနေပါချေ။ 'နဂါးငွေ့တန်း'ရဲ့ ဆယ်လီစာရင်းမှာ လီမွန်(လင်းမုန့်ရဲ့ ဂိမ်းထဲမှအမည်)အပေါ် သည်လို comment တွေရေးကြသည်။
- လီမွန်က နတ်ဘုရားနဲ့စိန်ကြယ်ပွင့် အဆင့်တွေကြား သူ့ရဲ့အဆိပ်ပြင်းတဲ့လျှာနဲ့ လှည့်ပတ်သွားနေတာ အတော်ကြာပြီ။ သူအနိုင်ယူတာခံလိုက်ရတဲ့ ကစားသမားအားလုံးက publicချ၊ အစွမ်းပြတဲ့ပရိုဂရမ်တုန်းကစလို့ အခုထိ ခြွင်းချက်မရှိ "လီမွန်ဖေဖေရဲ့အထူးနှစ်သိမ့်မှု"ကိုရကြတယ်။
- သူတို့ခေါ်တာတော့ 'မူလအခြေအနေကို ထိန်းသိမ်းနိုင်ရေး'တဲ့။ လီမွန်ကတော့ အမြဲတမ်းအရှုံးသမားတွေကို ပျက်ရယ်ပြုတယ်လေ။ ဒီတော့ နဂါးငွေ့တန်းရဲ့ အဓိကကစားသမားတွေက သူ့အပေါ် အချစ်အမုန်းဒွန်တွဲနေတဲ့ ဆက်ဆံရေးဖြစ်လာတော့တာပဲ။ ပြီးတော့ "Lemon Daddy Black Powder{1}" Club ပေါ်လာတော့တာပဲ။

KAMU SEDANG MEMBACA
(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)
Romansaလင်းမုန့်က "နဂါးငွေ့တန်းဒဏ္ဍာရီ"ဆိုတဲ့gameမှာ rank မြင့်တဲ့အပျော်တမ်းကစားသမားတစ်ယောက်ဖြစ်သည်။ ပြီးတော့ အဆိပ်ပြင်းသည့်လျှာကိုလည်း ပိုင်ဆိုင်ထားသေးသည်။ သူက တခြားသူတွေကိုအနိုင်ယူတဲ့အချိန်ဆိုလျှင် ကြင်နာတတ်တဲ့စကားလုံးတွေထားခဲ့သည် : ဒ...