[Unicode]
Chapter 76 - အိမ်ရှင်ထီးမင်းဂွတ်သီး
ရှန့်ကျူသည် အိမ်အသစ်၏သော့ကိုရပြီးနောက် သူ့ပစ္စည်းများကို နေရာရွှေ့ရန် ခွင့်ပြုချက်ရခဲ့သည်။ သူသည် သူ၏ လိုအပ်ချက်အားလုံးနှင့် ကိုက်ညီသည့် အိမ်သစ်ကို ရှာဖွေရန် အချိန်အတော်အတန်ကြာခဲ့သည်။
ပြင်ဆင်ပြီးသော တိုက်ခန်းက သူ့ရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး အစီအမံတွေကို ကူညီပံ့ပိုးပေးမှာဖြစ်ပြီး ဒါကသူ့ရဲ့ ရည်မှန်းချက် ပန်းတိုင်ဖြစ်သည်။
မကောင်းတာကတော့ တက္ကသိုလ်မြို့တော်ကနေ အိမ်ရောက်ဖို့ နာရီ၀က်လောက် မောင်းရတာပင်။ ဒါကြောင့် လင်းမုန့်ကို ကျောင်းကနေ သူ့အိမ်ဆီရွှေ့ပြီး လာနေခိုင်းမည့် သူ့အစီအစဉ်က ပျက်စီးသွားတော့သည်။
ရှန့်ကျူသည် အိပ်ခန်းနှစ်ခန်းပါသော တိုက်ခန်းကို ကိုယ်ပိုင်စတူဒီယို အနေဖြင့် လူနေအိမ်တစ်ပိုင်း၊ ရုံးခန်းတစ်ပိုင်းအဖြစ်သို့ ပြောင်းလဲကာ အိပ်ခန်းတစ်ခန်းသာထားရှိလိုက်သည်။ နောက်တစ်ခန်းကိုသောခ သီးသန့်အသံလွှင့်ခန်းအဖြစ် အသုံးပြုမှာဖြစ်သည်။
သူသည် ကွန်ပျူတာတစ်စုံလုံး အသစ်၀ယ်လိုက်ပြီး streaming လုပ်သည့်ကိရိယာများကို တပ်ဆင်လိုက်သည်။ ဒါကြောင့်သူဟာ ထပ်ပြီး အပျော်တမ်း anchor တစ်ယောက်နဲ့ မတူတော့ပါချေ။
သူအရင်ကသုံးသည့်ကိရိယာများကို ညာဘက်ဘေးမှာတပ်ဆင်ထားတာမို့ လင်းမုန့်အနေဖြင့် ကျောင်းပိတ်ရက်များတွင် ဒီကိုလာကာ သူနှင့်အတူ streaming လုပ်နိုင်သည်။
ချစ်ရသော စူးစမ်းချင်စိတ်ပြင်းပြနေသည့် powder များထံမှ တိုက်တွန်းမှုကြောင့် လင်းမုန့်သည် မဂ်လာရှိသော နေ့ရက်တစ်ရက်ကိုရွေးကာ ရှန့်ကျူ၏တိုက်ခန်းတွင် မိတ်ဆက်သည့်အနေဖြင့် streaming လုပ်ရတော့သည်။
"ဒါကမင်းဂွတ်သီးနတ်ဘုရားရဲ့ စတူဒီယိုပဲ။ professional ဆန်တယ်မလား"
လင်းမုန့်သည် အခန်း၏ထောင့်ပါမကျန် ကိရိယာများကို ရိုက်ပြသည်။
"ဒီအရည်အသွေးမြင့် capacitance mic ရဲ့တန်ဖိုးက ဂဏန်းလေးလုံးကနေ စတယ်တဲ့။ မင်းဂွတ်သီးနတ်ဘုရားက သူ့ကိုယ်သူ music anchor ဆီကူးပြောင်းဖို့ လုပ်နေတယ်လို့ မင်းတို့ထင်ကြလား"

STAI LEGGENDO
(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)
Storie d'amoreလင်းမုန့်က "နဂါးငွေ့တန်းဒဏ္ဍာရီ"ဆိုတဲ့gameမှာ rank မြင့်တဲ့အပျော်တမ်းကစားသမားတစ်ယောက်ဖြစ်သည်။ ပြီးတော့ အဆိပ်ပြင်းသည့်လျှာကိုလည်း ပိုင်ဆိုင်ထားသေးသည်။ သူက တခြားသူတွေကိုအနိုင်ယူတဲ့အချိန်ဆိုလျှင် ကြင်နာတတ်တဲ့စကားလုံးတွေထားခဲ့သည် : ဒ...