အခန်း ၂၆။ လီမွန်ဖေဖေ မကြောက်ပါနဲ့။ လှိုင်းတွေကလှိုင်းတွေပါပဲ။
လေးစားမှုကိုပြရန်အတွက် ပရိတ်သတ်တွေက တိုက်ရိုက်ထုတ်လွှင့်သူတွေထံသို့ ကြောင်အိမ်တွေပေးပို့လေ့ရှိကြပြီးဒါက တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုံးစာအတွက် ပေးပို့သည်နှင့်ဆင်တူ၏။
ဒီအချိန်လေးအတွင်းတွင် Fighting Cat ရဲ့တိုက်ရိုက်ထုတ်လွှင့်မှု၏ မျက်လုံးအဖမ်းစားခံရဆုံးနေရာများတွင် တူညီသည့် ကြေညာချက်များ ပေါ်ထွက်လာတော့သည်။
လီမွန်ဖေဖေ နှင့် မင်းဂွတ်သီးနတ်ဘုရား တို့၏ တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းများတွင် တစ်ညတာလုံး စိတ်ပျက်လက်ပျက်ဖြစ်နေသော ပရိသတ်အပေါင်းသူတော်ကောင်း တို့သည် ရုတ်တရက်ကြီးဆိုသလို ထိုအဆုံးသတ်အား ကြိုဆိုလိုက်ရသည်။
သူတို့၏ကနဦးတုံ့ပြန်မှုသည် လင်းမုန့် ကဲ့သို့ပင် ထိတ်လန့်တုန်လှုပ်မှုအပြည့်ဖြင့်ဖြစ်နေခဲ့ကြသည်။
ဒါပေမယ့် သူတို့ရဲ့ တူညီတဲ့မျက်နှာမူအရာ နဲ့ တူညီတဲ့ စည်းချက်ကျလှသည့်အခြေအနေလေးကို ဘယ်သူကအရင်ဆုံး ဖျက်ဆီးလိုက်လည်း ဆိုတာကို မည်သူမျှရှင်းရှင်းလင်းလင်း မသိလိုက်ကြပေ။
တိုက်ရိုက်ထုတ်လွှင့်မှုနှစ်ခုအကြားရှိ အတားအဆီးကို “ချစ်ခြင်းမေတ္တာအသိုက်” ဟူသောစကားစုက ဖြိုခွဲဖျက်ဆီးလိုက်လေသည်။
_မင်းဂွတ်သီးနတ်ဘုရား က လီမွန်ဖေဖေကိုအိမ်ကြီးကိုပေးလိုက်တယ်။
(Y/N-ဒီထဲကအိမ်ကြီးခြံကြီး(ကြောင်အိမ်)ဆိုတာက တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုံးစာအတွက်လက်ဆောင်ပေးတာမျိုးပါ။ တစ်နည်း ပိုက်ပိုက်တွေအရည်ဖျော်ပစ်လိုက်ကြတာပါQ~Q)
-- ငါ့မှာအခန်းရှိတယ်၊ မင်းတို့ထဲကတစ်ယောက်ယောက်မှာရောရှိလား။
--ညဥ့်နက်နက်က ခပ်ချောချောကောင်လေးရဲ့လှုံ့ဆော်မှုကြောင့် မင်းဂွတ်သီးနတ်ဘုရားက သူ့ရဲ့ချမ်းသာကြွယ်ဝမှုတွေကိုပြသဖို့ဆုံးဖြတ်လိုက်ပြီပဲ။
လင်းမုန့်သည် မင်းဂွတ်သီးနတ်ဘုရား၏အသံလွှင့်ခန်း၌ ပုန်းအောင်းနေစဉ်ခဲ့က ဒေသခံအာဏာရှင်ကြီးများအတွက် System ကကြေငြာသောကြေငြာချက်များကို သူမြင်ခဲ့၏။

ESTÁS LEYENDO
(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)
Romanceလင်းမုန့်က "နဂါးငွေ့တန်းဒဏ္ဍာရီ"ဆိုတဲ့gameမှာ rank မြင့်တဲ့အပျော်တမ်းကစားသမားတစ်ယောက်ဖြစ်သည်။ ပြီးတော့ အဆိပ်ပြင်းသည့်လျှာကိုလည်း ပိုင်ဆိုင်ထားသေးသည်။ သူက တခြားသူတွေကိုအနိုင်ယူတဲ့အချိန်ဆိုလျှင် ကြင်နာတတ်တဲ့စကားလုံးတွေထားခဲ့သည် : ဒ...