Chapter 70 - မင်းကရှားပါးသစ်သီးမျိုးစိတ်/မင္းကရွားပါးသစ္သီးမ်ိဳးစိတ္

485 95 15
                                    

[Unicode]

Chapter 70 - မင်းကရှားပါးသစ်သီးမျိုးစိတ်

နှစ်ရက်ကြာပြီးနောက် ရှန့်ကျုသည် လင်းမုန့်၏ဇာတိမြို့ထွက် အထူးပစ္စည်းဘူးနှင့်အတူ မြောက်ဘက်ဟယ်ပေသို့ ပြန်သွားလေသည်။

လင်းမုန့်သည် Weibo post ပါ အထူးတလည်တင်ကာ အများသိအောင်ပါ ပြောလိုက်သည်။

@လီမွန်: ပြန်ပို့လိုက်ပြီ @မင်းဂွတ်သီးကို အိမ်ပြန်ပို့လိုက်ပြီ။ ဒါက တစ်ကယ်... တစ်ကယ့်... တစ်ကယ်ကို အဝေးရောက်ချစ်သူတွေ ဖြစ်သွားပြီ။

- @ပရိတ်သတ်A : အပေါ်ယံမှာတော့ အဝေးရောက်ချစ်သူပေါ့။ ငါတို့နားလည်ပါတယ်။

-- @လီမွန် : တစ်ကယ်ပါကွာ။ ငါမင်းတို့ကို လိမ်မိရင် ငါ့နှလုံးသားလေးဖျားနာသွား (ချဉ်သွား) ပါစေ။

- @ပရိတ်သတ်B : ဘယ်နရက်၊ ဘယ်နနာရီလောက် အဲဒီ့မှာနေခဲ့မှာလဲ။

-- @လီမွန် : ကျောင်းမဖွင့်သေးမချင်း မပြန်ဘူး။ သေချာပေါက် မျက်နှာချင်းမဆိုင်ဘူးပဲ။

- @ပရိတ်သတ်C : ဒီနှစ်ရက်အတွင်း မင်းဂွတ်သီးနတ်ဘုရားရဲ့အသံကို live broadcast တွေမှာ နားထောင်ခဲ့ရတယ်။ အသံနည်းနည်းပျက်နေသလားလို့။ သူနေကောင်းရဲ့လား။

-- @လီမွန် : မင်းဂွတ်သီး ငါ့မြို့နဲ့ နေသားမကျတော့ နည်းနည်းအအေးပတ်သွားတာ။

*********

ရှန့်ကျူပြန်သွားပြီးနောက် လင်းမုန့်၏အားလပ်ရက်များမှာ အနည်းငယ်ပျင်းစရာကောင်းလှသည်။ လီမွန့်မာမသည် ဒီကိစ္စ၏လေးနက်မှုကို သဘောပေါက်လိုက်ပါသည်။

ဒီကလေးက တစ်ကယ့်ကို အချစ်မှာပျော်၀င်ပြီး လွမ်းနာကျနေတာပဲ။ သူမလက်ရာထမင်းဟင်းကို သုံးပန်းကန်ပဲ စားနိုင်တော့တယ်လေ။

ရှန့်ကျူ၏ streamingများကတော့ ရပ်တန့်သည်မရှိပါ။ လင်းမုန့်သည် ညတိုင်း သူ့ broadcast room ထဲသွားပြီး သူ့ live ကိုနားထောင်လေ့ရှိသည်။

သန်းချီသောပရိတ်သတ်များ သူတို့၏သွေးနှင့် စာရေးပြီးနောက် သူတို့၏ anchor ကို ပိုက်ဆံစုပေးမှာမို့ ကင်မရာ၀ယ်ရန် ခြိမ်းခြောက်ကြသည်။

(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)Where stories live. Discover now