Look at the media and scroll down for ZAWGYICODE.
[Unicode]
FRUIT ခေါင်းဆောင် ငှက်ပျောသီးရဲ့နာမည်က 'ရှောင်းကျောက်'ပါ။
ကိုယ်ရှေ့ခန်းမှာ 'ရှန်းကျောက်' လို့ မှားရေးမိတယ်ထင်တယ်။ ပြန်စစ်ပေးမယ်နော်။*********
Chapter 61/1 - ရှန့်ကျူရဲ့ညီလေးက'pro'တစ်ယောက်
လင်းမုန့်နှင့် ရှန့်ကျူသည် VIPပရိသတ်များ၏ဧရိယာတွင် ပေါ်လာပြီး နောက်တန်းတွင် ရုန်းရင်းဆန်ခတ် အနည်းငယ် ဖြစ်ပေါ်စေခဲ့သည်။
လင်းမုန့်သည် နောက်တန်းဆီသို့ လက်ဝှေ့ယမ်းပြလိုက်ရာ ထိုနေရာမှ *support group ကလည်း အလွန်တရာစိတ်လှုပ်ရှားနေကြဟန်ဖြင့် လီမွန်ဖေဖေ light board များကိုမြှောက်ကာ ပြန်လည်နှုတ်ဆက်လာသည်။ သူမတို့၏စိတ်ထဲမှာတော့ ရှေ့တန်းနေရာများကို မ၀ယ်မိသည့်အပေါ် နောင်တရနေကြသည်။
{*support group (应援): ဂျပန်နှင့်ကိုရီးယားမှ ချေးငှားသုံးသည့် အင်တာနက်ဗန်းစကား။ အဓိပ္ပာယ်မှာ သူတို့၏ idolကို ထောက်ပံ့၊ ကူညီပေးသော ပရိတ်သတ်အဖွဲ့ဖြစ်သည်။}
CP powder များသည် အတူယှဉ်ထိုင်နေသောလူနှစ်ဦး၏ မကြာခဏဆိုသလို တီးတိုးစကားပြောနေသော၊ ရယ်မောနေသောဓာတ်ပုံများကို Weibo တွင် အမျိုးစုံသော tag များဖြင့် အပြိုင်အဆိုင် တင်နေကြပြီး ဆီးချိုရောဂါအတွက် ဆေးကိုပါ တစ်ပါတည်း တောင်းခံနေကြလေသည်။
— နေ့တိုင်း ငါ့ရဲ့ CP က 'အိပ်မက်' ဖြစ်နေတာနဲ့ ပတ်သက်ပြီး ငါ ဘာလုပ်ရမလဲ။
FRUIT နှင့် VEGETABLE တို့၏ *ပဟေဠိဆန်သောပြိုင်ပွဲ အခြေအနေသည် ၁.၃၅ : ၂.၁၅ ဖြစ်သည်။ လူတိုင်းသည် ချန်ပီယံတွေ အနိုင်ရဖို့ရာ ပိုပြီးယုံကြည်မှုရှိသည်ဆိုတာ ထင်ရှားပါသည်။
{ပဟေဠိ (競猜): မေးခွန်းတွေကို ခန့်မှန်းဖြေဆိုရတဲ့ဂိမ်း။ ဒီနေရာမှာတော့ ခန့်မှန်းရခက်သောဆိုတဲ့အဓိပ္ပာယ်ပါ။}
လက်ရှိပြိုင်ပွဲအတွက် အပျော်တမ်းလောင်းရန် တုံကင်ပြားများကို အခမဲ့ရရှိနိုင်ပြီး လင်းမုန့်သည် အားလုံးကို FRUIT ဘက်သို့ ထည့်လိုက်သည်။ ရှန့်ကျူကတော့ VEGETABLE ကို လောင်းသည်။
YOU ARE READING
(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)
Romanceလင်းမုန့်က "နဂါးငွေ့တန်းဒဏ္ဍာရီ"ဆိုတဲ့gameမှာ rank မြင့်တဲ့အပျော်တမ်းကစားသမားတစ်ယောက်ဖြစ်သည်။ ပြီးတော့ အဆိပ်ပြင်းသည့်လျှာကိုလည်း ပိုင်ဆိုင်ထားသေးသည်။ သူက တခြားသူတွေကိုအနိုင်ယူတဲ့အချိန်ဆိုလျှင် ကြင်နာတတ်တဲ့စကားလုံးတွေထားခဲ့သည် : ဒ...