Chapter 66 - ယောက္ခမနဲ့သွားတွေ့ပြီ
လင်းမုန့်သည် ရှန့်ကျူ၏ 350APM စစ်ဆင်ရေးအောက်တွင် အငှားယာဉ်မောင်း တစ်ယောက်အဖြစ် ကားတံခါးဖွင့်လာသည်။
လောကကြီး၌ ဂိမ်းကစားတာထက် ပိုပြီးစိတ်၀င်စားစရာကောင်းသည့်အရာ ရှိတယ်ဆိုတာ သူရှာဖွေတွေ့ရှိခဲ့သည်။
နှစ်ယောက်သားသည် ရက်အနည်းငယ် အရှုပ်တွေလုပ်ခဲ့ကြပြီးနောက် ခြေကုန်လက်ပမ်းကျသွားတော့သည်။
နွေရာသီသည် သူတို့နောက်မှ လျှင်မြန်စွာလိုက်လာပြီဖြစ်ကာ ဘွဲ့ရတော့မည့်စီနီယာရှန့်ကျူသည် ကျောင်းမှစောစီးစွာထွက်ခွာရန် ခွင့်တောင်းခဲ့ပြီး လင်းမုန့်လည်းအိမ်ပြန်ရန် ဆွဲခေါ်သွားခံရသည်။
လင်းမုန့်သည် ဇာတိမြို့မှအစားအစာများကို လွမ်းနေခဲ့ပြီး သူ့အမေကိုလည်း သတိရနေသော်လည်း ဒီနေရာက ခရီးသွားယာဉ်တွေကိုတော့ မလွမ်းရေးချမလွမ်းပါ။
မြောက်ဘက်ဟယ်ပေ၏ ယဉ်ကျေးမှုဓလေ့သည် ပျင်းရိဖွယ်ကောင်းကာ သူ့ကို လမ်းတွေပေါ် ဘေးတိုက်လျှောက်တတ်သည့် ဂဏန်းဝိဉာဉ်လေးတစ်ကောင်ဖြစ်အောင်လုပ်နေပေသည်။
ရလဒ်အနေဖြင့် ရထားပေါ်ကဆင်းပြီး သိပ်မကြာခင်မှာပဲ ဘတ်စ်ကားတစ်စီးဖြတ်သွားကာ သူ့ခရီး‌ဆောင်အိတ်ကို တိုက်မိလုနီးပါး ဖြစ်သွားခဲ့သည်။
"ဘုရားရေ... ငါပါအတိုက်ခံရတော့မလို့ပဲ"
WeChat ပေါ်၌ လင်းမုန့်သည် ရှန့်ကျူနှင့် voice chatting လုပ်နေရင်း မကျေနပ်မှုများကို ကျယ်လောင်စွာဖွင့်ဟလိုက်သည်။ 
"ဒီနေရာက ကားသမားတွေက ဘတ်စ်ကားကို F1 ပြိုင်ကားမောင်းသလိုမောင်းနေကြတာ"
"မင်းဂရုစိုက်နော်"
ရှန့်ကျူတွင် မှာကြားရမည့် စကားများမှလွဲ၍ သူ့ကိုကူညီရန် နည်းလမ်းမရှိပေ။
"လမ်းလျှောက်ရင်း ဖုန်းမသုံးနဲ့နော် ကြားလား"
"ငါကြီးပြင်းလာတဲ့ဒေသမှာ မင်းကိုတွေ့ချင်မိတာတော့အမှန်ပဲ"
(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)Hikayelerin yaşadığı yer. Şimdi keşfedin