Chapter 55 - အပြန်အလှန်ဖူးဖူးမှုတ်အလိုလိုက်မယ်/အျပန္အလွန္ဖူးဖူးမႈတ္အလိုလိုက္မယ္

793 116 6
                                    

Look at the media photo. It is fanart.
Scroll down for ZAWGYICODE.

[Unicode]

Chapter 55 - အပြန်အလှန်ဖူးဖူးမှုတ်အလိုလိုက်မယ်

လင်းမုန့်၏ခြိမ်းခြောက်သံကိုကြားပြီးနောက် water friend များသည် သူတို့၏သဘောထားကို ၁၈၀° ပြောင်းလဲလိုက်ကြ‌လေသည်။

--- လီမွန်ဖေဖေကအကောင်းဆုံးပဲ။

--- လီမွန်ဖေဖေက တအားကြမ်းတမ်းလိုက်တာ။

--- လီမွန်ဖေဖေက Fighting Cat မှာ နံပါတ်တစ်ပဲ။

ချီးမွမ်းခြင်းခံလိုက်ရသောဖေဖေသည် စိတ်ကျေနပ်သွားသောကြောင့် broadcast ကိုပိတ်ရန် ထပ်မအော်တော့ပေ။ သူစတင်ကာ ရှန့်ကျုနှင့်အတူ black car မောင်းတော့သည်။

ရှန့်ကျုသည် သေနတ်ကို ဘယ်လိုပစ်ရမည်ဆိုတာ သူ့ကိုသင်ပေးပြီး လင်းမုန့်အနေဖြင့် ဒီလိုလှပသောပစ်ချက်များကို တိုက်ပွဲတွင် 'မာလကာသီး' သုံးတာကိုသာ မြင်ဖူးခဲ့သည်။

"ငါလည်းမာလကာသီးရဲ့တိုက်ပွဲဗွီဒီယိုတွေကြည့်ပြီး သင်ထားတာ"

ရှန့်ကျု ပွင့်ပွင့်လင်းလင်း၀န်ခံသည်။

လင်းမုန့်အံ့သြသွားသည်။ သူကိုယ်တိုင်လည်း 'Fruit' အဖွဲ့၏ တိုက်ပွဲများကို သီးသန့်ဒေါင်းလုဒ်လုပ်ပြီး အကြိမ်ပေါင်းများစွာ ကြည့်ဖူးသည်။ မာလကာသီး၏ ထပ်ခါတလဲလဲ လွဲချော်နေသည့်နည်းပညာကို တွေ့ရှိခံစားမိပြီးနောက် သူသည် သူ၏ထိုနည်းပညာကို လုံးဝအတုမယူနိုင်ပါ။

မာလကာသီး.SVIP- mouseကို ပထမဆုံး အောက်ကိုဆွဲ။ ပြီးမှ အပေါ်ပြန်တက်။ ဖြစ်နိုင်ခြေအနည်းဆုံးအချက်မှာ ကျွမ်းကျင်မှုကို ချက်ချင်းသုံးလိုက်။

မာလကာသီး.SVIP: ငါလည်း မင်းကို သင်ပေးနိုင်တယ်။

လင်းမုန့် :....

မာလကာသီးသည် ဒီလိုမျိုးရှည်လျားသည့် စကားကို ပထမဆုံး‌‌ပြောခြင်းဖြစ်ပြီး 'ဂိမ်းရူး' ဟူသောအမည်နှင့် အမှန်တကယ်ကို ထိုက်တန်ပါသည်။

ရှန့်ကျူ : "အဝေးကနေ အကူအညီပေးလို့ ကျေးဇူးပါ မာလကာသီး"

- *အရာအားလုံးကိုသိတယ်။ 'အဝေးထိန်း' ဆိုတဲ့ စာလုံးတွေပေါ်မှာ ဘာလို့ ဖိအားတွေရှိနေတာလဲ။

(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)Onde histórias criam vida. Descubra agora