အခန်း ၄၆။ အချစ်က မင်းကို မျက်စိကွယ်စေတာလား ဒါမှမဟုတ် သူကိုယ်တိုင်က အလင်းရင်းမြစ်ဖြစ်နေတာလား။
ရှန့်ကျူဟာပြောခဲ့သလိုပင်။ မနက်ခြောက်နာရီတိုင်းမှာ လင်းမုန့်ကို လှေကား၌စောင့်သည်။ နှစ်ဦးသား မနက်ခင်းအပြေးလေ့ကျင့်ပြီးနောက် ဒုတိယကန်တင်းတွင် မနက်စာစားကြသည်။
ထို့နောက် အဆောင်ကိုယ်စီပြန်ကာ အအတန်းတက်ရန်ပြင်သည်။ သည်လိုနှင့် သူ့အခန်းဖော်တောင်မှ စနောက်လေပြီ။
"မင်းဂွတ်သီးနတ်ဘုရားနဲ့ နေ့တိုင်းချိန်းတွေ့ဖို့ သွားတော့မှာပေါ့လေ"
လင်းမုန့် : ←_←
"မင်းဂွတ်သီးနတ်ဘုရားနဲ့ နေ့တိုင်းချိန်းတွေ့ပြီး ပြန်လာပြီပေါ့လေ"
Ling Meng: →_→
**********
အားကစားပွဲတော်နေ့မှာတော့ ရှန့်ကျူတစ်ယောက် လင်းမုန့်၏ တစ်ကယ့်ကျော်ကြားမှုကို မျက်မြင်တွေ့ရလေတော့သည်။ အမျိုးသားငါးကီလိုမီတာအပြေးပြိုင်ပွဲက အားကစားပွဲတော်၏ heavyweight event ဖြစ်သည်။
ဒီပြိုင်ပွဲမှာပါ၀င်ကြသူတွေဟာ သူတို့၏အတန်းဖော်များထံမှ ရုပ်ရှင်ကြယ်ပွင့်များနှယ် ဆက်ဆံမှုကို ရရှိလေသည်။
"စိတ်လျှော့ထား မုန့်မုန့်.... ကောကောက မင်းစိတ်သက်တောင့်သက်သာရှိစေဖို့ မင်းခြေထောက်တွေကို ပွတ်ပေးမယ်"
ဒါကတော့ လင်းမုန့်၏အခန်းဖော် ဟွာလုံကောပဲဖြစ်သည်။
"အပြေးမစခင် မင်းရဲ့ကြွက်သားတွေကို ထိန်းသိမ်းထား။ မင်းစိတ်သက်သာရာရအောင် ငါဘာကူညီပေးရမလဲ"
"မုန့်မုန့်.... ပြေးထား.... ကျားယုံ... ပထမနေရာကိုယူနိုင်ရင် ဒယ်ဒီက ညစာလိုက်ကျွေးမယ်..."
ဒါကတော့ 'လင်းမုန့်၏အဖေဖြစ်ချင်သည့်ရောဂါ'၀င်နေသော အတန်းဖော်လျိုလျန်ပဲဖြစ်သည်။
"ထွက်သွားစမ်း"
"လင်းမုန့်... ငါနင့်ဖို့ ချောကလက်ယူလာတယ်။ အားတင်းထားရမယ်နော်...."
"ကျေး.... ကျေးဇူးပါ..."
သေချာပေါက် သူမကတော့ ဌာန၏အလှပန်းလေး ကောင်းမေ့ဖြစ်သည်။
YOU ARE READING
(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)
Romanceလင်းမုန့်က "နဂါးငွေ့တန်းဒဏ္ဍာရီ"ဆိုတဲ့gameမှာ rank မြင့်တဲ့အပျော်တမ်းကစားသမားတစ်ယောက်ဖြစ်သည်။ ပြီးတော့ အဆိပ်ပြင်းသည့်လျှာကိုလည်း ပိုင်ဆိုင်ထားသေးသည်။ သူက တခြားသူတွေကိုအနိုင်ယူတဲ့အချိန်ဆိုလျှင် ကြင်နာတတ်တဲ့စကားလုံးတွေထားခဲ့သည် : ဒ...