Media က fanart လေးကြည့်ဖို့မမေ့ပါနဲ့ဦး။
[Unicode]
Chapter 56 - အမှောင်ထုကအရှက်ထက်သတ္တိကိုပိုကဲစေတယ်
သူတို့နှစ်ယောက်သည် ပထမဆုံးအကြိမ် အတူတကွတရား၀င် broadcast လုပ်တာဖြစ်ပြီး ရှန့်ကျု၏ မရေမရာစကားနှင့် အဆုံးသတ်သွားသည်။
လင်းမုန့်သည် ခြေဆောင့်နေပြီး water friend များကတော့ မြှောက်ပင့်နေသောစကားများမှသည် ရှုပ်ထွေးသောစကားများဆီသို့ ပြောင်းလဲလိုက်ကြလေပြီ။
အကယ်၍ အိပ်ဆောင်သို့ပြန်၀င်ရမည့်အချိန်သတ်မှတ်ချက်သာမရှိလျှင် အင်တာနက်လိုင်းကောင်းလွန်းသည့် ဒီနေရာမှ ခွာနိုင်မည်မဟုတ်လောက်ပေ။
dateလုပ်ခြင်းဟာ ဒီလိုပဲပြီးဆုံးသွားမည်ဆိုပါက ဘာအဓိပ္ပာယ်မှ ရဇိတော့မည်မဟုတ်။ ဒီတော့ လင်းမုန့်သည် အိပ်ဆောင်သို့ပြန်ရာလမ်းတွင် စိတ်ကူးတစ်ခုပေါ်လာပြီး ရှန့်ကျူကို Single Dog Abuse Road (စင်ဂယ်ခွေးလေးများကိုအနိုင်ကျင့်သည့်လမ်း) ဆီသို့ ဆွဲခေါ်သွားသည်။
Dog Abuse Road သည် အလွန်လှပပြီး ကဗျာဆန်သည်။ အဘယ်ကြောင့်ဆိုသော် လမ်းတစ်လျှောက်မှာရှိသည့် သဘာ၀ရှုခင်းများကို အလေးထားအပ်သောနေရာတစ်ခုဟူ၍လည်း ကျော်ကြားသောကြောင့်ဖြစ်သည်။ လမ်းတစ်လျှောက်တွင် လက်မောင်းချိတ်ထားသည့်စုံတွဲများလည်း ရှိနေတတ်သည်။
အချိန်နှင့်အမျှ single dog များသည် Dog Abuse Road ဆိုသည့်အမည်ကို မုန်းတီးလာကြသော်လည်း ထိုလမ်းကတော့ မူလနာမည်တောင်မှ ပျောက်သွားခဲ့ပြီဖြစ်သည်။
လင်းမုန့်လည်း ယခင်က single dog အဖွဲ့၀င်တစ်ယောက်ဖြစ်ခဲ့ပြီး ယခုတော့ ရှန့်ကျု၏တစ်ဘက်သတ် ကြေငြာမှုဖြင့် ပူပူနွေးနွေး ရည်းစားအသစ်စက်စက်လေးရခဲ့ပြီဖြစ်ရာ single dog လေးများကို အနိုင်ကျင့်နိုင်သူတစ်ယောက် ဖြစ်လာခဲ့ပြီဟု ခံစားမိလေပြီ။
အချိန်သည် ညဥ့်နက်ပိုင်းသို့နီးကပ်လာခဲ့ပြီဖြစ်ပြီး လမ်းမီးအချို့သာ ခပ်မှိန်မှိန်ရှိတော့သည်။ Dog Abuse Road ပေါ်၌ လူမရှိသလောက် နည်းသွားကာ ရှိသည်ကလည်း စုံတွဲတွေချည်းသာဖြစ်သည်။ ထို့ကြောင့် လင်းမုန့်၏ single dog လေးများရှာဖွေရန် အကြံအစည်မှာ လုံး၀ကိုကျရှုံးသွားတော့သည်။

VOCÊ ESTÁ LENDO
(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)
Romanceလင်းမုန့်က "နဂါးငွေ့တန်းဒဏ္ဍာရီ"ဆိုတဲ့gameမှာ rank မြင့်တဲ့အပျော်တမ်းကစားသမားတစ်ယောက်ဖြစ်သည်။ ပြီးတော့ အဆိပ်ပြင်းသည့်လျှာကိုလည်း ပိုင်ဆိုင်ထားသေးသည်။ သူက တခြားသူတွေကိုအနိုင်ယူတဲ့အချိန်ဆိုလျှင် ကြင်နာတတ်တဲ့စကားလုံးတွေထားခဲ့သည် : ဒ...