Chapter 80 - လင်းမုန့်ရဲ့ first show / လင္းမုန႔္ရဲ့ first show

698 101 2
                                    

[Unicode]

Chapter 80 - လင်းမုန့်ရဲ့ first show

"ငါက Black Powder မဟုတ်ဘူး" ၏ အပိုင်းသစ်သည် trailer ထွက်စဉ်ကတည်းက နာမည်ကြီးနေခဲ့ပြီး စက္ကန့်၃၀အတွင်းမှာပင် အကြိမ်ရေ ၄၀၀၀ ကျော် ပြန်တင်ခံရသည်။

producer သည် ဒီအပိုင်းကို လွှင့်ချိန်၌ ပေါက်ကွဲထွက်သွားစေရန် မျှော်လင့်ထားသော်လည်း မထုတ်လွှင့်ခင်ကတည်းက ပေါက်ကွဲသွားမည်ဟု မမျှော်လင့်ထားပေ။

အဘယ်ကြောင့်ဆိုသော် လင်းမုန့်သည် လူမုန်းခံရသော ကစားသမားတစ်ယောက်ဟု သတင်းဆိုးထွက်ထားပြီး ယခင်က streaming လုပ်ချိန်များ၌ ပို၍ပင်‌ ကျော်ကြားလာခဲ့တာ‌ကြောင့်ပင်။

broadcast လုပ်ပြီးနောက်မှာ သူ့ရဲ့ real life က အသွင်အပြင်သည် လူတွေမုန်းလို့မရနိုင်လောက်သည့် အသွင်အပြင်မျိုးဆိုတာ ရှာတွေ့သွားကြပြီး လူတိုင်းရဲ့စိတ်ထဲမှာ လျှာစောင်းထက်သည့်သူ့အပေါ် ကြိမ်းမောင်းလိုစိတ်တွေက သူ့အရည်အချင်းတွေကို ချီးမွမ်းလိုစိတ်အဖြစ် ပြောင်းသွားကြသည်။

ဒီလိုမုန်းစရာလည်းကောင်း ချစ်စရာ‌လည်း‌ကောင်းသော ကောင်လေးသည် မခံချိမခံသာဖြစ်နေကြသော pro player များနှင့် လက်တွေ့ဘ၀တိုက်ပွဲတွင် ရင်ဆိုင်ရတော့မှာဖြစ်သည်။

လီမွန်ဖေဖေကပဲ တစ်တိုင်းပြည်လုံးကို အံ့မခန်းလောက်ဖွယ် လှုပ်ခါစေမလား။ ဒါမှမဟုတ် pro တွေဆီကနေ ပြန်အရိုက်ခံရမလားပဲ။

သူ့အလုပ်က နဂါးငွေ့တန်းကစားသမားများကြားမှ နေ့ရက်များအတွက် hot topic ဖြစ်ခဲ့သည်။ နဂါးငွေ့တန်း၏ ကစားသမားများသည် အခန်းဆက် live လွှင့်သည်ကိုစောင့်နေကြရင်း ဂိမ်းတောင်မကစားနိုင်ကြတော့ပေ။

သူတို့သည် သူတို့၏ တရား၀င်ချန်နယ်မှ ထုတ်လွှင့်မှုကို refresh လုပ်ရန်အတွက် broadcast roomတစ်ခုစီရှိ water friendများနှင့်အတူ "hahaha" ဟု ကြိုတင်စာရိုက်ကာ ထုတ်လွှင့်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။

ရှန့်ကျူတောင်မှ ပုံမှန်အချိန်ထက် နာရီ၀က်စောကာ streaming လုပ်ခဲ့ပြီး ကောင်းမွန်သော စိတ်အခြေအနေနှင့်အတူ ကင်မရာတောင် ဖွင့်ထားသည်။

(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)Where stories live. Discover now