အခန်း ၄၇။ အစအနောက်သန်တဲ့ မိဘနှစ်ပါး
— @ပရိတ်သတ်A : ဆိုဖာ....
— @ပရိတ်သတ်A: ???
— @ပရိတ်သတ်A: ရှေ့က*ရေနုတ်မြောင်းက တော်တော်လေးနက်တယ်ဟ။ အာ... ငါတော့ဆိုဖာပေါ် မထိုင်ချင်တော့ဘူး။
{*ရေနုတ်မြောင်း : အွန်လိုင်းပေါ်ရှိနေစဉ်တွေ့ရသည့် ပေါ့ပျက်ပျက်ဖြစ်သော သတင်း}
— @ပရိတ်သတ်B: မင်းဂွတ်သီးနတ်ဘုရား.... ဒါက၀န်ခံချက်တစ်ခုလား။
— @ပရိတ်သတ်C: ငါတော့ ကောင်းမွန်တဲ့စာပိုဒ်တစ်ခုရဲ့ ကိုးကားချက်လို့ထင်တာပဲ။
— @ပရိတ်သတ်D: အဆုံးသတ်မှာတော့ လွဲမှားနေတဲ့ ဝေါဟာရတစ်ခုများလား။ လက်ခံရရှိသူရဲ့နာမည်ကရော ဘာတဲ့လဲ။
— @ပရိတ်သတ်E: ငါရဲ့မင်းဂွတ်သီးနတ်ဘုရားက Weibo မှာ ကြက်စွပ်ပြုတ်အချစ်စာတို post တင်နေတာလား။ ဒီစတိုင်က မမှန်ဘူးနော်။
— @ပရိတ်သတ်F: ငါလူမှားသွားပြီအထင်နဲ့ unfollow မိတော့မလို့။
— @ပရိတ်သတ်G: အဲဒါက ကြက်စွပ်ပြုတ်ဆိုပေမဲ့လည်း တစ်ခုခုပဲဟ။ ငါတော့ လေးစားတယ်။
— @ပရိတ်သတ်H: blackboard ကိုပုတ်ပြနေတယ်။ အသားပေးထားတဲ့အရာကို မင်းတို့မြင်ကြရဲ့လား။ သူတဲ့... ထူးထူးခြားခြားသုံးထားတာက သူ... တဲ့ဟ။
— @ပရိတ်သတ်I: ဒီတော့ကာ အဲဒီ့'သူ'ဆိုတာက @လီမွန်.... သူပဲဖြစ်ရမယ်။
— @ပရိတ်သတ်J: @လီမွန်
— @ပရိတ်သတ်K: @လီမွန်
— @ပရိတ်သတ်Z: တိတ်တိတ်ဆိတ်ဆိတ်နေပေးကြပါ။ အိုကေလား။ မင်းဂွတ်သီးနတ်ဘုရား အကောင့်အခိုးခံရတယ်လို့ ငါသံသယရှိတယ်။ ဒါက Weibo မှာ အကောင့်တွေခိုးလေ့ရှိတဲ့ *zombie powder group တစ်ခုခုလို့ထင်တယ်။
{*zombie powder : followerအတု။ active မဖြစ်သော (သို့မဟုတ်) ဖျက်လိုဖျက်ဆီးလုပ်တတ်သည့် စာရင်းသွင်းပြီးသားအကောင့်}
ထိုကြက်စွပ်ပြုတ်စာပိုဒ်ရှိနေစဉ်တစ်လျှောက်လုံး Weibo သည်လည်း hot topic များ၏ လက်ခွဲတစ်ခုဖြစ်သော အသေးစားစီးပွားရေးကြော်ငြာများကို တင်ပါလိမ့်မည်။
YOU ARE READING
(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)
Romanceလင်းမုန့်က "နဂါးငွေ့တန်းဒဏ္ဍာရီ"ဆိုတဲ့gameမှာ rank မြင့်တဲ့အပျော်တမ်းကစားသမားတစ်ယောက်ဖြစ်သည်။ ပြီးတော့ အဆိပ်ပြင်းသည့်လျှာကိုလည်း ပိုင်ဆိုင်ထားသေးသည်။ သူက တခြားသူတွေကိုအနိုင်ယူတဲ့အချိန်ဆိုလျှင် ကြင်နာတတ်တဲ့စကားလုံးတွေထားခဲ့သည် : ဒ...