Chapter 59/2 - ဆယ့်ရှစ်နှစ်သားလေးကသူ့ပရိတ်သတ်
"အခု မင်းဂွတ်သီးနဲ့လီမွန်က လိုင်ချီးသီးကို တိုက်ခိုက်နေကြပြီ။ anchor team ထဲက ကျန်တဲ့သုံးယောက်က ခုခံကာကွယ်ရင်း ကစားနေကြတယ်။ သူတို့စခန်းကို လုံး၀မထားခဲ့ကြဘူး။ ကြည့်လိုက်.. သူတို့က ကာကွယ်သူသုံးယောက်၊ တိုက်ခိုက်သူနှစ်ယောက်အဖြစ်ပေါင်းစပ်သွားပြီ"
ပရော်ဖက်ရှင်နယ်အသင်းအနေဖြင့် သူတို့၏ ကျွမ်းကျင်မှုများကို မပြသပါက အလွယ်တကူ ဖျက်ဆီးခံလိုက်ရနိုင်သည်။ ထို့နောက် သူတို့၏ကစားသမားငါးဦး အတူတကွ ပူးပေါင်းပြီး anchor team ၏ အခြေစိုက်စခန်းတစ်ခုလုံးနီးပါးကို ပျက်စီးသွားစေလေသည်။
အချို့သောလူများ၏ အချိန်မီ အားပြန်ဖြည့်ခြင်းအတွက်မဟုတ်ပါက ယခုအခါ လေးပုံမှငါးပုံအထိ ဆိုးရွားသော အခြေအနေဖြစ်လာမည်ဖြစ်သည်။
"အားပြင်းလိုက်တာ"
လင်းမုန့်သည် သူ့ခြေထောက်(ဒူး)များကို တဆတ်ဆတ် နှန့်နေသည်။
"နောက်ထပ် ဆယ်နှစ်လောက် လေ့ကျင့်ပြီးရင်တောင် သူတို့ရဲ့ အဆင့်ကို မရောက်နိုင်ဘူးလို့ ခံစားရတယ်"
"မင်းစိတ်လှုပ်ရှား (ကြောက်)နေလား"
"စိတ်လှုပ်ရှား (ကြောက်) တာလား"
လင်းမုန့် သူခြေထောက်ကို ပြန်ငုံ့ကြည့်သည်။
"ငါက စိတ်လှုပ်ရှား (ပျော်ရွှင်)နေတာကွ"
"တစ်ခုခုလုပ်ချင်လား"
"သွားတာပေါ့"
ဒီတော့ကာ ပရိတ်သတ်လည်း မင်းဂွတ်-လီမွန်အဖွဲ့၏ ရှေ့သို့ထပ်မံချီတက်မှုကို ပျော်ရွှင်စွာ ကြည့်ရပြန်သည်။
ကာကွယ်ဖို့က အရေးကြီးမှတော့ ကာကွယ်ဖို့အတွက် တိုက်ခိုက်တာပေါ့။ သူတို့သည် အရှေ့ဘက်မှ ၀င်ရောက်ဒုက္ခပေးပြီးနောက် အနောက်ဘက်မှာလည ပရမ်းပတာဖြစ်အောင်လုပ်သည်။
pro team သည် အကြိမ်ရေအတော်များများ ခြုံခိုတိုက်ခိုက်ခံရပြီး ပြန်လိုက်ဖမိးရန် ကြိုးစားသော်လည်း ထိုနှစ်ယောက်သားကတော့ လွတ်မြောက်နေဆဲပင်။
(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)Where stories live. Discover now