Chapter 52 - ချစ်သူရဖို့ငါးစာနဲ့မျှားသူ/ ခ်စ္သူရဖို႔ငါးစာနဲ႔မ်ွားသူ

685 112 2
                                    

Scroll down for ZAWGYICODE.

[Unicode]

Chapter 52 - ချစ်သူရဖို့ငါးစာနဲ့မျှားသူ

@မင်းဂွတ်သီး: Off the list. [လီမွန်သီးရင်ထိုး.jpg]

— @‌ရွှေရောင်သရက်သီးစိတ်လေးများ:  ID ကိုကြည့်ကြဦးဟေ့...

— @ပရိတ်သတ်A: နေပါဦး။ မင်းအရင်က  single မဟုတ်ဘူးလား။

— @ပရိတ်သတ်B: မင်းတို့အတူနေတာ နှစ်ရှစ်ရာတောင် ရှိပြီလား။ @လီမွန်

— @ပရိတ်သတ်C: လီမွန်ဖေဖေ ဘာမှမပြောသေးဘူး။ ဒီမင်းဂွတ်သီးနတ်ဘုရားက သူ့ဘာသာ off the list လုပ်နေတာမဟုတ်ဘူးလား။

— @ပရိတ်သတ်D: ငါမယုံဘူး။ ငါကြားချင်တယ်။ @လီမွန် မုန့်မုန့်ရေ... ထုတ်ပြန်ချက်ပေးပါ။

— @ပရိတ်သတ်E: မင်းဂွတ်သီးနတ်ဘုရားက ခေါင်းကိုတိုက်ခိုက်လိုက်ပါပြီ။ ‌သဘောတူတဲ့အဖြေကို နားထောင်ဖို့ ရှာဖွေနေပါတယ် @လီမွန်

**********

အစားအသောက်ကောင်းများသည် လင်းမုန့်၏ Weibo ၌ အပေါ်အောက်ဆွဲနေခြင်းအပေါ် မရပ်တန့်စေနိုင်ပေ။ အထူးသဖြင့် ရှန့်ကျုမှလက်ဦးမှုယူကာ စာတင်လိုက်ပြီးနောက်မှာဖြစ်သည်။ လင်းမုန့်၏ Weibo ဟာ ပို၍ပင် သက်၀င်လှုပ်ရှားလာတော့သည်။

@လီမွန်: အစကတည်းက မင်းတို့သူ့ကိုပဲ ယုံကြည်နေကြတာ။ ငါ့ကိုမဟုတ်ဘူးလေ။ အဲဒါတောင် ငါ့ဆီကကြားချင်ကြသေးတယ်ပေါ့။ ဖေဖေငြင်းတယ်။

— @ပရိတ်သတ်A: မုန့်မုန့်က tsundere ပဲ

— @ပရိတ်သတ်B: tsundere မလုပ်ပါနဲ့ မုန့်မုန့်ရေ...

— @ပရိတ်သတ်C: သူပြောတဲ့ အသေးအမွှားလေးတွေကို နားထောင်‌ပေးပါ။ မင်းပြောတဲ့ ကြီးမားတဲ့အရာတွေကို ပြန်နားထောင်ပေးလိမ့်မယ်။

— @ပရိတ်သတ်D: သူပြောတဲ့ အများပြာ်သူအကြောင်းနားထောင်ပါ။ မင်း‌လျှို့ဝှက် ပြောချင်တာတွေ သူပြန်နားထောင်ပေးလိမ့်မယ်။

**********

"ဖုန်းပွတ်မနေနဲ့။ အစားစားဦး"

ရှန့်ကျုသည် ဆန်ပြုတ်ပန်းကန်လုံးကို 'ဖုန်းသုံးကာ စကားလုံးများဖြင့် တိုက်ခိုက်နေသည့် လင်းမုန့်' ရှေ့သို့ တွန်းပို့သည်။

(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)Where stories live. Discover now