[Unicode]
Chapter 78 - နတ်ဘုရားရဲ့သီကြူးသံ
ဗိုက်အပြည့် တစ်၀ကြီးစားပြီးနောက် လင်းမုန့်သည် computer ရှေ့တွင်ထိုင်ကာ ဂိမ်းကစားရင်း အစာချေရန် အဆင်သင့်ဖြစ်နေလေပြီ။
အခုအချိန်ဟာ ရှန့်ကျူ၏ streaming လုပ်ချိန်မဟုတ်ပေ။ ထို့ကြောင့် ရှန့်ကျူသည် broadcast room ကိုဖွင့်ထားသော်လည်း မစတင်သေးပါ။
သူဖတ်ရန်စာအုပ်တစ်အုပ်ယူကာ ဘေးတွင်ခပ်ကွေးကွေးထိုင်ပြီး စတင်ဖတ်ရှုသည်။ သူ၏အထီးကျန်နေသည့်ပုံစံအရ "အထီးကျန်ခြင်းနှစ်တစ်ရာ" စာအုပ်ဖတ်နေသည်ဟု ထင်ရစေသည်။
တစ်ကယ်တမ်း သူဖတ်နေတာက "ဟင်းချက်နည်း၃၀၀" ဖြစ်ကြောင်း လင်းမုန့်သာမြင်နိုင်သည်။
ရှန့်ကျူသည် သူတို့၏နေအိမ်အသစ်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ကင်မရာမဖွင့်ရန် ရက်အတန်ကြာ အကြောင်းပြချက်များ ပေးခဲ့သည်။
သူ့ powder များက လင်းမုန့်ဆီပြေးကာ တစ်ဘက်တစ်လမ်းမှ နေ့ရက်များကိုကယ်တင်ပေးရန်၊ သူ့ယောက်ျားကို မြန်မြန်လေး streaming ပြန်လုပ်ဖို့ ပြောပေးရန် ခခယယတောင်းဆိုကြသည်။
"ဘာလို့ကင်မရာမဖွင့်တာလဲ။ မင်းရဲ့ powder တွေက ငါ့ broadcast room ထဲ လာသောင်းကျန်းနေကြပြီ"
လင်းမုန့်ဘေးကိုတစ်ချက်မျှကြည့်လိုက်ရာ screen ပေါ်မှ လူလှိုင်းလုံးကြီးက သဟဇာတဖြစ်မနေကြောင်း တွေ့လိုက်ရသည်။
ကြည့်လိုက်ရာ *RNM သို့မဟုတ် *CNM များဖြစ်ပြီး အလွန်အမင်းညစ်ပတ်လှသည်။
{*RNM : "မြေနိုး" ကို အလွန်ကြမ်းတမ်းရုန့်ရင်းစွာပြောသောနည်းလမ်း}
*CNM : "မြေနိုး" ကို ပုံမှန်ပြောသောနည်းလမ်း}"ဘယ်လိုလူထုဒေါသမျိုးဖြစ်အောင် လျှောက်ဆွပေးလိုက်တာလဲ။ အဲဒီမှင်စာလေးတွေ ဒီလိုဆူပူသောင်းကျန်းတယ်ဆိုတာက မင်းမိသားစုကို ဂါရဝပြုနေကြတာမို့လို့လား"
လင်းမုန့် သေချာပြန်တွေးလိုက်သည်။
မကြာသေးမီက e-sports လောကတွင်ဖြစ်ခဲ့သည့် မည်သည့်ကြီးမားသော စည်း၀ါးကျကျကိစ္စ တစ်ခုကိုမျှ မစဉ်းစားနိုင်ခဲ့ပါ။
YOU ARE READING
(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)
Romanceလင်းမုန့်က "နဂါးငွေ့တန်းဒဏ္ဍာရီ"ဆိုတဲ့gameမှာ rank မြင့်တဲ့အပျော်တမ်းကစားသမားတစ်ယောက်ဖြစ်သည်။ ပြီးတော့ အဆိပ်ပြင်းသည့်လျှာကိုလည်း ပိုင်ဆိုင်ထားသေးသည်။ သူက တခြားသူတွေကိုအနိုင်ယူတဲ့အချိန်ဆိုလျှင် ကြင်နာတတ်တဲ့စကားလုံးတွေထားခဲ့သည် : ဒ...