[Unicode]
Chapter 65 - နံနက်ခင်းခရီးထပ်မောင်းရပြန်ပြီ
လင်းမုန့်*အိပ်ရာနိုးလာပြီးနောက် ပထမဆုံးလုပ်သည်မှာ *အိပ်ယာထဲလဲလျောင်းရင်း ဖုန်းပွတ်တာဖြစ်သည်။
{*အိပ်ရာနှင့်အိပ်ယာ အရေးမတူတာ မှားရေးတာမဟုတ်ပါ။ 'အိပ်ရာ'သည် အိပ်နေရာမှထခြင်းဖြစ်ပြီး 'အိပ်ယာ'သည် လဲလျောင်းသည့် ဖျာ၊ ကုတင်၊ အခင်းမွေ့ယာဖြစ်သည်။}
တစ်ရက်အတွင်းမှာပင် နဂါးငွေ့တန်း၏အသိုင်းအဝိုင်းအတွင်း သတင်းသစ်များ ထွက်ပေါ်လာတော့သည်။
__ အမျိုးသား anchor တစ်ယောက်က streaming လုပ်ရင်း ဂေးဟန်ဆောင်နေတုန်း ကောင်မလေးက ဖမ်းမိသွားတယ်တဲ့။
__ Pro League ပထမဆုံးနေ့က ပေါက်ကွဲထွက်သွားပြီ။ ၀ါရင့်၊ သမ္မာရင့် စွမ်းအားကြီးပုဂ္ဂိုလ်တွေက အသစ်ပေါ်လာတဲ့ *မြင်းနက်ကို ရှုံးသွားခဲ့ပြီ။
{*မြင်းနက် : ထင်မှတ်မထားဘဲ ကစားပွဲ စသည်အတွင်းမှ ရုတ်တရက် ထွက်ပေါ်လာသော လူတော်}
နတ်ဘုရားရှောင်း၏ အကောင့်သေးသည် 'မာလကာသီး' ဖြစ်ကြောင်း၊ လီမွန်ဖေဖေ၏ လျှို့ဝှက်အရူးအမူးဖန်ဘွိုင်းလေးဖြစ်ကြောင်း ဖော်ထုတ်ခံလိုက်ရပြီးနောက် VEGETABLE မန်နေဂျာသည် ခေါင်းဆောင်အာလူးလေးနှင့် မင်းဂွတ်သီးနတ်ဘုရား၏ ဆွေမျိုးပတ်သတ်မှုကို တရား၀င်ဖော်ထုတ်လိုက်သည်။
အာလူးလေး၏ Weibo တွင် သူတို့ခေါင်းဆောင်၏ ရှုံးနိမ့်မှုအပေါ် ဒေါသထွက်နေသော လူအုပ်စုသည် နိုင်ရာမဲကြလေပြီ။
ဒါဟာ ပုံမှန်ရာသီပြိုင်ပွဲ၌ ရှုံးနိမ့်ခြင်းဖြစ်သော်လည်း အဆိုးမြင်သောတုံ့ပြန်မှုများသည် သူ့ကို အငြိမ်းစားယူရန် သို့မဟုတ် အစားထိုးကစားသမားအဖြစ် ရာထူးလျှော့ချရန် လှုံ့ဆော်ပေးလျက်ရှိသည်။
ရွံစရာကောင်းသော ကွန်မန့်များသည် မလိုလားသူများပါ မြင်နိုင်လောက်သည်အထိ ကိစ္စကြီးသွားစေသည်။
လင်းမုန့်သည် sunspot များ၏ အနီရောင်သမ်းလာသည်အထိ ခိုက်ရန်ဖြစ်ပွားခြင်းကို မြင်လိုက်ရသည်။

VOCÊ ESTÁ LENDO
(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)
Romanceလင်းမုန့်က "နဂါးငွေ့တန်းဒဏ္ဍာရီ"ဆိုတဲ့gameမှာ rank မြင့်တဲ့အပျော်တမ်းကစားသမားတစ်ယောက်ဖြစ်သည်။ ပြီးတော့ အဆိပ်ပြင်းသည့်လျှာကိုလည်း ပိုင်ဆိုင်ထားသေးသည်။ သူက တခြားသူတွေကိုအနိုင်ယူတဲ့အချိန်ဆိုလျှင် ကြင်နာတတ်တဲ့စကားလုံးတွေထားခဲ့သည် : ဒ...