အခန်း ၄၄+၄၅။ အံဆွဲထဲက JissBon နှင့် Porn Anchor ဆီမှ message တစ်စောင်

560 92 0
                                    

အခန်း ၄၄+၄၅။ အံဆွဲထဲက JissBon နှင့် Porn Anchor ဆီမှ message တစ်စောင်

သူ့ဖုန်းထပ်မြည်လာပြန်သည်။

ဟွာလုံကော : မုန့်မုန့်... ထုတ်လွှင့်နေတာကို မြန်မြန်ပိတ်လိုက်တော့။ အဆောင်မှူးက အိပ်ဆောင်တွေလိုက်စစ်နေတယ်။ အခု လျိုလျန့်အခန်းရောက်နေပြီ။

"ကျွန်တော့်မှာ မမျှော်လင့်ထားတဲ့ အရေးကြီးအခြေအနေတစ်ခုပေါ်လာလို့ ထုတ်လွှင့််နေတာကို အခုပဲရပ်လိုက်ပါတော့မယ်။ မနက်ဖြန်မှပြန်ဆုံကြမယ်နော်"

လင်းမုန့်သည် သူ့အခန်းဖော်ဆီမှ နောက်ဆုံးအခြေအနေကိုသိရပြီးနောက် live broadcast ကို မြန်မြန်အဆုံးသတ်ကာ အဆောင်မှူးမရောက်ခင် သူ့ကွန်ပျုတာကို အံဆွဲထဲသို့ ဗျုတ်စဗျင်းတောင်းပင် ထိုးသိပ်ထည့်လိုက်ရသည်။

အမှိုက်များကို အမှိုက်ပုံးထဲပစ်ထည့်လိုက်ပြီး အိပ်ရာ‌ပေါ်မှ အိပ်ယာခင်းနှင့်စောင်ကိုလည်း အထပ်ထပ်စီလိုက်သည်။
  
ယောက်ျားလေးအဆောင်ရှိ အခန်းများ၏ လက်ရှိအခြေအနေမှာ အားလုံးအတူတူပင်။ ထို့ကြောင့် ဒီလောက်အနေအထားက စစ်ဆေးခြင်းပြီးသွားနိုင်ဖို့ လုံလောက်သည်။

သူတို့အခန်းထဲသို့ အဆောင်မှူး၀င်လာပြီးနောက် လှည့်ပတ်ကြည့်ရှုရင်း မည်သည့်အပြစ်ရှာစရာမျှ မတွေ့ပေ။

"လင်းမုန့်... စာမလေ့လာဘဲ အခန်းထဲမှာ ဘာလူပ်နေတာလဲ။ ဂိမ်းဆော့နေတာလား"

"မဟုတ်ပါဘူး။ မဟုတ်ပါဘူး"

လင်းမုန့် အမြန်ငြင်းဆိုသည်။

"ကျွန်တော် အဂ်လိပ်စာ အလွတ်ဆိုနေတာပါ"

ခေါင်းဆောင်က ခေါင်းညိတ်ကာ သက်သေပြုသည်။

"အင်း... CET-4 ကို မင်းလိုချင်တယ်ဆိုရင် စကားလုံးတွေကို ကောင်းကောင်းမှတ်မိနေမှရမှာ"

သူ့အခန်းတွင်းအနေအထား အပြစ်ဆိုစရာမရှိတာမို့ အဆောင်မှူးလည်း ပြန်ထွက်သွားသည်။ သို့သော်ငြားလည်း အံဆွဲ၏ထောင့်ရှိ သံသယဖြစ်စရာတစ်စုံတစ်ရာကို မြင်ဖြစ်အောင်မြင်လိုက်ပါသေးသည်။

"အဲဒါကဘာလဲ"

လင်းမုန့်ခေါင်းလှည့်ကာ အသက်တစ်ချက်ပြင်းပြင်းရှူလိုက်မိသည်။ အံဆွဲထဲသို့ ထိုးသိပ်ထည့်စဉ်က ကွန်ဒုံးတစ်ခုညပ်သွားသည်ကို သတိမထားလိုက်မိပေ။  သို့သော်အသိသာကြီးတော့မဟုတ်။ ထောင့်စွန်းလေးသာဖြစ်သည်။

(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)Where stories live. Discover now