အခန်း ၃၀-၃၁/ မင်းကပိုပြီးသန်မာလာပါတယ် ဒါပေမယ့် ဖေဖေကဖေဖေဖြစ်နေတုန်းပဲ

801 124 4
                                    

အခန်း ၃၀-၃၁: မင်းကပိုပြီးသန်မာလာပါတယ် ဒါပေမယ့် ဖေဖေကဖေဖေဖြစ်နေတုန်းပဲ

အခန်း ၃၀

လင်းမုန့်ရဲ့အသံကျယ်ကျယ်က ရုတ်တရက်ထွက်လာပြီးသည့်နောက် လေထုအခြေအနေကတင်းမာလာသည်။

နဂါးငွေ့တန်းသံသရာမှာ လူတိုင်းသိထားခဲ့ကြတာက မင်းဂွတ်သီးနတ်ဘုရားက ဂြိုလ်သားအုပ်စုကိုအံ့အားသင့်စရာကောင်းသည့်အဆင့်ဖြင့် ကစားနိုင်သည့် အံ့သြဖွယ်anchorဖြစ်သည်ဆိုတာပင်။တိုက်ရိုက်ထုတ်လွှင့်မှုတွေကိုလိုက်မကြည့်တဲ့သူတွေတောင်မှ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဒီအကြောင်းကိုရှာဖွေဖို့ရာ မိနစ်အနည်းငယ်သာလိုအပ်လိမ့်မည်။

ဒီတူညီတဲ့အုပ်စုကိုသုံးပြီး မင်းဂွတ်သီးနတ်ဘုရားကို ဆန့်ကျင်ဖို့ရာရွေးချယ်ခြင်းမှာ သူကထိုအုပ်စုဖြင့်ကစားရာတွင်ကျွမ်းကျင်သူဖြစ်၍လား သို့မဟုတ်လျှင် သူကမင်းဂွတ်သီးနတ်ဘုရား၏ကိုယ်ပိုင်စွမ်းရည်ကိုသုံး၍ ပြိုင်ဘက်ကို အနိုင်ယူနိုင်မည်ဟု ယုံကြည်၍လား။
(t/n-သူပြောချင်တာက မင်းဂွတ်သီးရဲ့အကွက်ကိုပြန်သုံးပြီး မင်းဂွတ်သီးကို အနိုင်ယူမယ်ဆိုတဲ့အဓိပ္ပါယ်ပါ)

ဂြိုလ်သားအုပ်စု၏ကနဦးဖွံ့ဖြိုးမှုအဆင့်မှာ အလွန်ရှည်လျားပြီး ပင်ပန်းရ၏။ပုံမှန်အားဖြင့် ထုတ်ပြန်သူက နှစ်ဖက်ကစားသမားများကို မိတ်ဆက်ရန်အတွက် အချိန်ယူလေ့ရှိသည့်တွင် ထိုအချိန်ကာလတွင် လင်းမုန့်မှာမူ ပြောစရာစကားကိုစဉ်းစားမရချေ။

"ဒီကစားသမားနှစ်ယောက်အတွက် များများစားစား မိတ်ဆက်စရာမရှိပါဘူး"

လင်းမုန့်က အကူအညီမဲ့စွာပြောခဲ့သည်။

"နီလီမင်းဂွတ်သီးနတ်ဘုရားကို မင်းတို့အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ မာလကာသီးနဲ့ပတ်သက်ပြီးတော့ သတင်းအချက်အလက်သိပ်မရှိဘူး ငါနဲ့သူတိုက်ခိုက်ပြီးတော့ ငါဆိုးဆိုးရွားရွားအရိုက်ခံလိုက်ရတယ် ငါနဲ့ကစားတဲ့ပွဲအပြင် အဲဒီ့အကောင့်သေးလေးက စုစုပေါင်း၅၇ပွဲပဲ ကစားရသေးတယ် ၅၇ပွဲလုံးဆက်တိုင် noobတွေနဲ့ချည်းတွေ့ဖို့ဆိုတာမဖြစ်နိုင်ပါဘူး ငါ့ကိုယ်ငါ noobအဖြစ်မသတ်မှတ်တဲ့အချက်ကို ထည့်မပြောနဲ့"

(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)Where stories live. Discover now