557 109 4
Look at the media for fanart.
Scroll down for ZAWGYICODE.
[Unicode]
Chapter 58/1 - FRUIT ခေါင်းဆောင်က အသက်မပြည့်သေးဘူး
လင်းမုန့်တစ်ယောက် popular anchor တစ်ယောက် ဖြစ်မှန်းမသိဖြစ်လာပြီး နဂါးငွေ့တန်း၏ ဆယ်လီစာရင်းတွင် အားပေးခံရချိန်၌ Galaxy Pro League ၏ ပွဲတော်ဖွင့်ပွဲအတွက် ဖိတ်ကြားစာကို လက်ခံရရှိလိမ့်မည်ဟု မမျှော်လင့်ထားပေ။
league ၏ ဖျော်ဖြေရေး level ကို တိုးမြှင့်ရန် ညွှန်ကြားချက်အရ စီစဉ်သူများသည် ဖွင့်ပွဲနေ့တွင် ကျွမ်းကျင်အဆင့်ကစားသမားများနှင့် game anchors များကြား ပြိုင်ပွဲကျင်းပရန် စီစဉ်ခဲ့ကြသည်။ ရှန့်ကျူရော လင်းမုန့်ပါ ဖိတ်ကြားခံရသည်။
ဒီပွဲသည် လင်းမုန့်အတွက် ပထမဆုံးသော ကြီးမားသည့်ယှဉ်ပြိုင်ပွဲဖြစ်ပြီး ပထမဆုံးသော များပြားသည့်ပရိတ်သတ်များနှင့် အပြင်မှာမျက်နှာချင်းဆိုင်ရတာဖြစ်သည်။
မကြာခဏရောက်လာတတ်သော ကင်မရာမီးရောင်များအကြား သူ့အပြုံးဟာ တောင့်တင်းလို့‌နေသည်။
"ငါစိတ်လှုပ်ရှားနေတာကို ဘယ်လိုလုပ်သင့်လဲ"
သူရှန့်ကျုအနားကပ်ကာ တီးတိုးပြောလိုက်သည်။
"မင်းရယ်ရယ်‌မောမောနဲ့ စကားပြောနေကျ live broadcast room ထဲက သိန်းချီနေတဲ့ပရိတ်သတ်တွေကိုပြန်တွေးပြီး ခုလက်ရှိကြည့်နေတဲ့ပရိတ်သတ်တွေနဲ့ သူတို့ကိုနှိုင်းယှဉ်ကြည့်လိုက်"
ရှန့်ကျူကြောင့် စိတ်သက်တောင့်သက်သာဖြစ်သွားသော လင်းမုန့်တစ်ယောက် ပေါ့ပါးစွာ အသက်ရှူထုတ်လိုက်သည်။ ထိုစဉ် ရုတ်တရက် ပွဲကျင်းပရာနေရာတွင် အုတ်အော်သောင်းတင်း ဖြစ်သွားသည်။
ကင်မရာမီးများသည် တခြားတစ်နေရာသို့ ပြောင်းလဲသွားကြပြီး အသင်း၀တ်စုံ၀တ်ထားကာ ပွဲကျင်းပရာနေရာသို့ ၀င်ရောက်လာသည့် အလွန်တက်ကြွနေကြသော လူငယ်လေးငါးယောက်ဆီ ဦးတည်သွားကြသည်။
"ကြည့်လိုက်"
လင်းမုန့်သည် စိတ်လှုပ်ရှားနေပြီး ရှန့်ကျူ၏ အက်ျီလက်ကိုဆွဲလိုက်သည်။
"အဲဒါ FRUIT team ပဲ"
အဘယ်ကြောင့်ဆိုသော် ယနေ့အတွက် သူတို့၏ပြိုင်ဘက်အသင်းမှာ ဒီရာသီ၏ချန်ပီယံဖြစ်သော FRUIT ဖြစ်ကြောင်း သိခဲ့ပြီးတာကြောင့်ပင်။
(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)Where stories live. Discover now