အခန်း ၂၃။ ဒီဖေဖေကအစားပုတ်တယ်။ ဘာဖြစ်လဲ။

908 151 2
                                    

အခန်း ၂၃။ ဒီဖေဖေကအစားပုတ်တယ်။ ဘာဖြစ်လဲ။

သူဒီနေ့ဂိမ်းမဆော့ဘူးဟု ကြေငြာခဲ့သောလင်းမုန့်တစ်ယောက် ရှန်းကျူနှင့်ပြိုင်ခဲ့သည့် ဗွီဒီယိုကိုနှစ်ကြိမ်မျှကြည့်ပြီးနောက်မှာ တစ်စုံတစ်ရာလုပ်ချင်စိတ်က ရိုးတိုးရွတဖြစ်လာလေသည်။

အဆုံးသတ်မှာတော့ အခြားသူ၏ black car ကို သူရရှိခဲ့ပြီး သူနှင့်အတူ ပြင်းထန်သည့်တိုက်ပွဲကို တစ်ညလုံးလုံးဆင်နွှဲလေတော့သည်။

နောက်ဆုံးမှာတော့ anchorတစ်ယောက် သတ္တုတူးခြင်းကို ကြည့်ရချိန်၏ ၈၀%ကို သုံးစွဲရန် မလိုလိုက်သည့် water friends များသည် ထို anchor ကို ၂၀၀ကီလိုဂရမ်အလေးချိန်ရှိ ကြောင်၀ကြီးတစ်ကောင်ဖြစ်လာစေန် ဆုံးဖြတ်ထားကြသည့်အလား cat food များ ပစ်ပေးရန် တွန့်တိုမနေကြပါချေ။ (လင်းမုန့်သတ္တုထပ်မတူးတော့တာကြောင့် ၀မ်းသာနေကြသည်။)

stream ပြီးဆုံးခါနီးမှာ ရှန်းကျူထံမှ message ဟာ Penguin app ကိုဖြတ်သန်းကာ လင်းမုန့်ထံသို့ ရောက်ရှိလာသည်။

ရှန်းကျူ[အသင်း]: stream ပြီးရင် သွားရည်စာမုန့်သွားစားမလား။

သည်ညလင်းမုန့်သည် တစ်ဆက်တည်း ငါးပွဲမျှအနိုင်ရရှိခဲ့ပြီး စိတ်လှုပ်ရှားမှုဟာ ပျောက်ကွယ်မသွားသေးပေ။ ပို့လိုက်သည့် ဖိတ်ခေါ်စာကို လက်ခံကာသဘောတူလိုက်သည်။

လီမွန် : ကောင်းပြီ။ ငါမင်းကိုပြုစုမယ်။

messageပို့ပြီးနောက် Penguin notesများကို ယခင်တံခွန်စိုက်ပြိုင်ပွဲမှ ဖန်တီးဆဲဖြစ်ကြောင်း ရှန်းကျူသဘောပေါက်လိုက်သည်။ သည်တော့ သူ့nickname ကို 'Porn Anchor' ဟုပြောင်းလိုက်သည်။

Porn Anchor : ငါမင်းကိုလာရှာရမလား။

လီမွန် : ဟင့်အင်း အဆောင်အ၀မှာတွေ့ကြမယ်။

ရန်ရှန်းတက္ကသိုလ် မြောက်ဘက်ဂိတ်အပြင်ဘက်ရှိ သွားရည်စာမုန့်လမ်းသည် ညနေ နေ၀င်ရီတရောအချိန်ကျော်သွားပါက အသက်၀င်လှုပ်ရှားဆုံး၊ အစည်ကားဆုံးဖြစ်သည်။ {note-ညဈေးတန်းဆိုပါတော့}

လင်းမုန့်မကြာခဏရောက်လေ့ရှိသည့်အသားကင်ဆိုင်သည် ချောင်ကျသည့်နေရာရှိ စားပွဲတစ်လုံးသာ အလွတ်ကျန်တော့သည်။

(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)Where stories live. Discover now