Chapter 58/2 - လီမွန့်ကိုအတုခိုးလို့မရနိုင်
"ဟယ်လို... လူတိုင်းပဲ... ကျွန်တော်က လီမွန်ပါ"
"ပုံမှန်ဆို ဒီလိုအချိန်မျိုးဆို 'ဖေဖေကဒီမှာဟေ့'လို့ ပြောသင့်တာမဟုတ်ဘူးလား"
အစီအစဉ်မှူးဟာ သူ့ကိုအလွယ်တကူ လွှတ်ပေးရန် ဆန္ဒရှိပုံမရပေ။
ပရိတ်သတ်ထုကြီး၏ အော်သံများကြား၌ လင်းမုန့်အရှက်သည်းနေတုန်းဖြစ်သော်လည်း စကားတော့ ပြန်ပြောလိုက်ရသည်။
"ကျွန်တော့်ကို သေတဲ့အထိ ဝိုင်း
မရိုက်မိအောင် သည်းခံပေးကြတဲ့အတွက် ဂိမ်းထဲက ကစားသမားအားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီနေ့ဒီမှာ အသက်ရှင်ရပ်တည်နိုင်မယ်လို့ လုံးဝမထင်မှတ်ထားဘူး..."
"ဟားဟားဟား"
ပရိတ်သတ်များထံမှ ရယ်မောသံများထွက်လာသည်။
"ရိုးရိုးသားသားဖြေ... မင်းရဲ့ပထမဆုံး အနိုင်ရတဲ့ပြိုင်ပွဲမှာ 'အထူးကြင်နာနှစ်သိမ့်မှု‌' ပေးတုန်းက ဒီနေ့လိုဖြစ်လာလိမ့်မယ်လို့ တွေးခဲ့ဖူးလား"
"ကျွန်တော် ဘယ်တုန်းကမှ မတွေးမိခဲ့ဖူးဘူး"
လင်းမုန့် ရိုးသားစွာဖြေသည်။
"အဲဒီ့တုန်းက သူတစ်ပါးကို ပျက်စီးလိုစိတ်မပါဘဲ ဒီအတိုင်းအပျော်သဘောနဲ့ပဲ ပြောခဲ့တာပါ"
"မင်းအမြဲတမ်းလိုလို အဲဒီ့ကိစ္စအတွက် အပြစ်ရှာခံခဲ့ရလား"
"အကြိမ်ရေအများကြီးပေါ့။ လူတိုင်းကကျွန်တော့်ကို အရင်ဆုံးဆူဆဲကြတယ်။ ဒါပေမဲ့ ကျွန်တော်တွေးလိုက်တယ်။ သူတို့ကျွန်တော့်ကိုဆူဆဲကြရင်တောင် လာရိုက်နိုင်တာမှမဟုတ်ဘဲကို..."
"ဟားဟားဟား..."
"အခုဆိုရင်ရော... လီမွန်ဖေဖေအနေနဲ့ အဲဒီ့လိုပြောရဲလား"
"အခုလား... သေချာပေါက်မပြောရဲဘူး။ ဒီမှာလူတွေအများကြီးရှိနေတဲ့ဟာ။ တစ်မိနစ်အတွင်း ကျွန်တော့်ဝိုင်းရိုက်ကြမှာပေါ့..."
(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)Donde viven las historias. Descúbrelo ahora