အခန်း ၄၂-၁။ ပါးစပ်ပိတ်မလား။ ကန်ထုတ်ရမလား။

600 101 4
                                    

အခန်း ၄၂-၁။ ပါးစပ်ပိတ်မလား။ ကန်ထုတ်ရမလား။


@မင်းဂွတ်သီး : ဒီည ထုတ်လွှင့်ဖို့မရှိပါဘူးနော်  [😊😊😊]

——@ပရိတ်သတ် A : ဆိုဖာပေါ်ထိုင်နေရင်း မင်းဂွတ်သီးနတ်ဘုရားကြောင့် ၀မ်းနည်းနေပါတယ်။

——@ပရိတ်သတ် B : မင်းဂွတ်သီးန
တ်ဘုရားရေ ငါတို့မင်းကိုနားလည်ပါတယ်။ [🤪🤪🤪]

——@ရိတ်သတ် C  : မင်းစိတ်အခြေအနေမကောင်းရင် ထုတ်လွှင့်တာမလုပ်ပါနဲ့။ အပြင်မှာလမ်းလျှောက်ပေါ့။ ငါတို့ကတော့ ကျင့်သားရနေပါပြီ။

——@ရိတ်သတ်D : ဒီည ငါတို့အားလုံးက မင်းဂွတ်သီးရဲ့လူတွေပဲ။

——@ပရိတ်သတ် E: ဒီအီမိုဂျီ [😊😊😊] ရဲ့နောက်ကွယ်မှာ မပြောနိုင်တဲ့အကြောင်းအရာတွေ ဘယ်လောက်တောင် ဖုံးကွယ်နေပါလိမ့်။

——@ပရိတ်သတ် F: မင်းဂွတ်-လီမွန်အလံကြီးအောက်မှာ လုံး၀ကျဆင်းသွားပါပြီ။ အခုက မင်းဂွတ်သီးရဲ့အချစ်ရေးကို လူထုဆီချပြရမဲ့ အချိန်ပါပဲ။

*****

လင်းမုန့်၏ထုတ်လွှင့်ခန်းထဲတွင် လူပေါင်းများစွာရောက်ရှိနေကြသည်။ ယခင်ပရိတ်သတ်များ၊ ယဉ်ကျေးမှုပွဲတော်ကြောင့် အသစ်ရောက်ရှိလာသော ပရိတ်သတ်များနှင့် ဟိုဘက်ခန်းက သူတို့၏ထုတ်လွှတ်သူကြောင့် အသဲကွဲလာသူများပါ ပေါင်းဆုံနေကြခြင်းဖြစ်သည်။

“ဒီ‌နေ့လူတွေအများကြီးပါလား”

လင်းမုန့် weibo ဆီမသွားဖြစ်တာ‌ကြောင့် ဘာတွေဖြစ်နေလဲဆိုတာလည်း သူမသိပေ။

— ပရိတ်သတ်အသစ်လေး လက်မြှောက်ပြလိုက်ပါတယ်။ ထုတ်လွှင့်တာကို အမြဲကြည့်နေကျသူလို ဘယ်လိုဟန်ဆောင်ရလဲပြောပြကြပါ။ အွန်လိုင်းပေါ်ကစောင့်နေပါတယ်။

— ထုတ်လွှင့်တာကို ပထမဆုံးကြည့်ဖူးတဲ့ နောက်ဆုံးမြောက် ပရိတ်သတ်အသစ်လေးက ကြောင်ခြံ၀င်းသုံးခု ပို့ပေးလိုက်ပါတယ်။

— ဒီမှာကြည့်လိုက်စမ်း... ငါ့ရဲ့လီမွန်ဖေဖေကိုယ်တိုင်ဖျော်ပေးတဲ့ လီမွန်ဖျော်ရည်ကိုသောက်ခဲ့တယ်။ နင်တို့မနာလို၊ အားကျလား။ အားမကျဘူးလား သိချင်တယ်။ [ယဉ်ကျေးမှုပွဲတော်မြင်ကွင်းပုံ]

(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)Where stories live. Discover now