အခန်း ၂၈။ ဖြတ်သွားဖြတ်လာလေးက ငါ့ကိုအနိုင်ကျင့်သွားတယ်။

778 125 0
                                    

အခန်း ၂၈။ ဖြတ်သွားဖြတ်လာလေးက ငါ့ကိုအနိုင်ကျင့်သွားတယ်။

လင်းမုန့်သည် မရေရာမှုများကြောင့် ရှုပ်ထွေးနေသောစိတ်ဖြင့် တစ်မှေးအိပ်လိုက်သည်။ နောက်တစ်နေ့မနက်မှာတော့ တံခါးခေါက်သံကြောင့် သူနိုးလာခဲ့သည်။

တံခါး၀မှာတော့ ဘန်းမုန့်ပေါင်းတစ်ခုနဲ့ ပဲနို့ဘူးကိုကိုင်ထားသည့် ရှန်းကျူရပ်နေကာ သိသာသော အခြားရည်ရွယ်ချက်မရှိပေ။

အိပ်မှုံစုံမွှားဖြစ်နေသူ လင်းမုန့်တစ်ယောက် ဒီနေ့ဟာသောကြာနေ့ဖြစ်ပြီး ရှန်းကျူက breakfast လာပို့မယ်လို့ပြောထားကြောင်း သတိရသွားသည့်တိုင် ကြက်သေသေနေလေသည်။

"မင်းတစ်ကယ်ကြီး ငါ့အတွက် breakfast ယူလာတာပဲ"

လင်းမုန့် ရှုပ်ပွနေသောသူ့ဆံပင်တွေကို ရှက်ရှက်ဖြင့်ကုတ်ဖွလိုက်သည်။

"ဒီခံစားချက်က နည်းနည်းတော့ကိုးရို့ကားယားနိုင်သား..."

"မနေ့ကမင်းကိုယ့်ကို ညစာကျွေးခဲ့တယ်မဟုတ်ဘူးလား"

ညစာ... ဘယ်ကညစာလဲ။

လင်းမုန့် အရင်နေ့အကြောင်း ဂရုတစိုက်ပြန်တွေးလိုက်သည်။ သို့ပေသိ ငွေနှစ်ရာပါသော အနီရောင်စာအိတ်ကိုသာသတိရသည်။

ဒီလီမွန်ခွံလေးအတွက် နက်ရှိုင်းတဲ့ခင်မင်မှုဆိုတာက လီမွန်သီးအပေါ်မှာ မူတည်နေတာများလား။

"အဲဒါကညစာမဟုတ်ဘူးလေ... အဲဒါက..."

လင်းမုန့်အေးခဲသွားပြီ။

"ဟုတ်ပါတယ်ကွာ"

လင်းမုန့် အာစေးမိနေသည်။ လျှောက်တွေးနေတဲ့ ငါ့ဦးနှောက်ကိုပဲ ရပ်ပေးဖို့ပြောနိုင်မလားဟင်။

"အဲဒါကတစ်ကယ်ခက်လို့လား"

"မဟုတ်ပါဘူး"

လင်းမုန့်လျှင်မြန်စွာပင် လီဗာပေါ်ခြေထောက်တင်လိုက်သည်။ (သူ့ဦးနှောက်ကိုဆွဲဆန့်ရန်)

သူ့အခန်းဖော်က မွှေးရနံ့များကြောင့် အိပ်ရာနိုးလာပြီး တံခါး၀တွင် ရပ်နေသူနှစ်ယောက်ကို မြင်လိုက်သည်။

"မင်းဂွတ်သီးနတ်ဘုရားလား မင်းကဘာလို့ဒီမှာရှိနေတာတုန်း"

(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)Donde viven las historias. Descúbrelo ahora