အခန်း ၄၃။ မင်းမှာပါးချိုင့်ရှိလား။ အချစ်ပုံပြင်ရောရှိလား။
ဒီကနေ့ရဲ့ အတင်းအဖျင်းကဏ္ဍမှာတော့ သရက်သီးနို့ဒိန်ချဉ်ကိုကို ဖြစ်နေနိုင်သည့် လျှို့ဝှက်ဆန်းကြယ်သော ပန်းသီးလေးဟာ အဓိကလူဖြစ်လာခဲ့သည်။ တစ်ခဏကြာပြီးနောက်မှာတော့ broadcast room ၏ စကားပြောရာနေရာတွင် စိတ်လှုပ်ရှားမှုကြောင့် ပေါက်ကွဲကုန်ကြတော့သည်။
— ဒါအမှန်ပဲလား။ ငါတော့မယုံနိုင်သေးဘူး။ ဘာလို့များ ကိုလူချောလေးတွေက ဂိမ်းကစားတာ တော်နေရတာလဲ။ ချောလည်းမချော၊ ရက်လည်းမရက်စက်တဲ့သူရှိရင် ဘယ်လိုlive လွှင့်ရမယ်ဆိုတာ ငါ့ကိုပေ့ာပြကြပါဦး... Pls...
— ဒီနေ့ပွဲကျမှ သရက်သီးနို့ဒိန်ချဉ်ကိုကိုနဲ့ မင်းဂွတ်သီးနတ်ဘုရားတို့ရဲ့ စကေးတွေတူနေတယ်ဆိုတာ ငါတို့သတိထားမိတာပဲ။ ဘယ်သူကပိုကောင်းတယ်ဆိုတာ လီမွန်ဖေဖေ တွေးမိတာမဆန်းပါဘူး။
— ငါသူတို့နှစ်ယောက် PK တာ တစ်ကယ်ကြီး မြင်ချင်တယ်။
— မင်းဂွတ်သီးကို ပန်းသီးလေးနဲ့တိုက်ခိုက်ဖို့ တောင်းဆိုပါတယ်။ အထင်ကြီးလောက်ဖွယ် ခင်ပွန်းသည်တွေကြားက tie-breaker ပြိုင်ပွဲတစ်ပွဲပေါ့။
— ပေးမဲ့ဆုက လီမွန်သီူတစ်လုံးလား။ *2333 တော့ မပေးဘူးမလား။
{*23333 - ရယ်မောခြင်း။}
စားပွဲပေါ်က သူ့ဖုန်းလှုပ်လာသည်။ ရှန့်ကျုတစ်ယောက် WeChat မှတစ်ဆင့် ၀မ်းနည်းကြေကွဲသောအမူအရာ emojiကို ပို့လာခြင်းပင်။
ရှန့်ကျူ : မုန့်မုန့်... မင်းကိုယ့်ကိုဖော်ကောင်လုပ်လိုက်ပြန်ပြီ [😢😢😢]
လင်းမုန့်သည် စာကိုဖတ်ပြီးနောက် မထိန်းလိုက်နိုင်ဘဲ နှုတ်ခမ်းထောင့်စွန်းလေးများ ကွေးညွတ်သွားရသည်။
လင်းမုန့် : ဘယ်သူကမင်းကို *schizo လို သရုပ်ဆောင်ခိုင်းလို့လဲ။ ပြီးတော့ မင်းကငါ့ပခုံးပေါ် အပြစ်တွေ လာလွှဲချသေး ~*lueluelue~
ရှန့်ကျူ : မရှိတဲ့အချစ်ပြိုင်ဘက်တွေကို ငါဖန်တီးလိုက်မိတယ်။ ဒီတော့ လူတွေလည်း မင်းကိုလိုက်ဖို့ခက်ခဲမယ်ဆိုတာ သိပြီး လက်လျှော့သွားတာပေါ့။
YOU ARE READING
(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)
Romanceလင်းမုန့်က "နဂါးငွေ့တန်းဒဏ္ဍာရီ"ဆိုတဲ့gameမှာ rank မြင့်တဲ့အပျော်တမ်းကစားသမားတစ်ယောက်ဖြစ်သည်။ ပြီးတော့ အဆိပ်ပြင်းသည့်လျှာကိုလည်း ပိုင်ဆိုင်ထားသေးသည်။ သူက တခြားသူတွေကိုအနိုင်ယူတဲ့အချိန်ဆိုလျှင် ကြင်နာတတ်တဲ့စကားလုံးတွေထားခဲ့သည် : ဒ...