Look at the media and scroll down for ZAWGYICODE.
[Unicode]
Chapter 63 - တစ်ချို့ကပျော်ရွှင်.. တစ်ချို့က၀မ်းနည်း..
ဆယ့်ရှစ်နှစ်သားလေးသည် broadcast room ၏ topic ကို ပြန်လည်မဆွဲယူနိုင်ပေ။ ညစာစားပွဲတွင် သောက်ရသည့်ပွဲစဉ်သုံးခုရှိပြီး လေထုသည် တက်ကြွရွှင်မြူးလို့နေလျက်။
ဂိမ်းကိုအဆိပ်ဖြစ်စေသည့် (သွန်လိုသွန်၊ မှောက်လိုမှောက်လုပ်နိုင်သည့်) နောက်ဆုံးအဆင့်ရောက် လူအုပ်စုသည် ဂိမ်းအကြောင်းကိုသာ ဆွေးနွေးနိုင်ကြလေသည်။
birthday star ဖြစ်သည့် ရှောင်းကျောက်သည် ၁၈ နှစ်တာကာလအတွင်း ပထမဆုံးသောက်ဖူးခြင်းဖြစ်သည်။ သူ့အသက်အရ သောက်လို့ရပြီဆိုတာ ကြားသည်နှင့် ခေါင်းကိုငုံ့ကာ တိတ်တဆိတ်သောက်တော့သည်။ အဆုံးမှာတော့ သူ၏ပုံမှန်အနေအထားနှင့် မကွာခြားခဲ့ပါချေ။
{birthday star (寿星): အသက်ရှည်ခြင်းနတ်ဘုရား။ မွေးနေ့ရက်ကျရောက်သော တစ်စုံတစ်ယောက်။ အထူးသဖြင့် အသက်အရွယ်ကြီးရင့်သော မွေးနေ့ရှင်}
သူတို့သည် ပရိတ်သတ်များ၏ ခိုင်မာသောတောင်းဆိုချက်များကြောင့် ညစာစားပြီးနောက်မှာ Werewolf Killing (Chinese variation of Mafia) ကစားကြသည်။
လင်းမုန့်သည် Prophet ကတ်ကိုဆွဲမိသော်လည်း ရှန့်ကျူမှလွဲ၍ ဘယ်သူမှ သူ့ကိုမယုံပေ။ နောက်ဆုံးမှာတော့ ရှန့်ကျူသည် werewolf ဖြစ်ကြောင်း ပေါ်ထွက်လာသည်။
တစ်စုံတစ်ယောက်ကို နှလုံးသားအပြည့်ဖြင့် နံဘေးတွင်ခေါ်ထားပြီးနောက် လင်းမုန့်၏နှလုံးသားလေးသည် လှည့်ဖျားခံလိုက်ရတော့သည်။ broadcast room က ပရိတ်သတ်များလည်း ကရုဏာသက်စွာဖြင့် 'မုန့်မုန့်ရယ်' ဟူသော စကားလုံးကိုသာ ရေးနိုင်ကြတော့သည်။
လင်းမုန့် ထပ်ပြီးကစားချင်သေးသော်လည်း ရှန့်ကျူသည် သူ့ထံဖုန်း၀င်လာချိန်၌ ချက်ခြင်းအမူအရာလေးနက်သွားပြီး ဖုန်းသွားပြောနေသည်။
"ငါအရင်ပြန်နှင့်မယ်"
"ငါလည်းမင်းနဲ့အတူပြန်မယ်"
ဘာတွေဖြစ်နေတာလဲဆိုတာ လင်းမုန့်မသိသော်လည်း ရှန့်ကျူ၏တုံ့ပြန်မှုအရ ကောင်းတဲ့ကိစ္စတော့မဖြစ်နိုင်ပေ။
YOU ARE READING
(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)
Romanceလင်းမုန့်က "နဂါးငွေ့တန်းဒဏ္ဍာရီ"ဆိုတဲ့gameမှာ rank မြင့်တဲ့အပျော်တမ်းကစားသမားတစ်ယောက်ဖြစ်သည်။ ပြီးတော့ အဆိပ်ပြင်းသည့်လျှာကိုလည်း ပိုင်ဆိုင်ထားသေးသည်။ သူက တခြားသူတွေကိုအနိုင်ယူတဲ့အချိန်ဆိုလျှင် ကြင်နာတတ်တဲ့စကားလုံးတွေထားခဲ့သည် : ဒ...