[Unicode]
Media က လီမွန်သီးရင်ထိုးလေး၀တ်ထားတဲ့ရှန့်ကျူပါ။
Chapter 57/2 - ကိုယ်တိုင်တွင်းတူးပြီးခုန်ချ...
ဒုတိယမြောက် water friend သည် အလွန်ဖြောင့်မတ်လှသည်။
"ကျွန်တော်က ကောင်မလေးရဲ့တောင်းဆိုမှုကို ဖြည့်ဆည်းပေးဖို့ ဒီကိုလာခဲ့တာပါ။ သူမက လီမွန်ဖေဖေ့ရဲ့ ပရိတ်သတ်တစ်ယောက်ဖြစ်ပြီး လက်မှတ်ထိုးထားတဲ့ဓာတ်ပုံလိုချင်တယ်တဲ့"
— အတုအယောင်ပဲ။ တစ်ချက်ကြည့်ရုံနဲ့သိတယ်။ အတုအယောင်ပဲဟေ့။
— မင်းနဂါးငွေ့တန်းမှာ ဘယ်လိုကစားပြီး ကောင်မလေးရလာတာလဲ။
— ဒီ water friend ကို ဆင်ခြေဆင်လက်ပေးဖို့ အမှတ် ၁၀၀ ပေးမယ်။ အပို ၉၉ မှတ်ကတော့ မင်းရဲ့ကောင်မလေးဆိုတဲ့သူဆီပို့လိုက်မယ်။
— တောင်းဆိုမှုတစ်ခုပဲကျန်တော့တယ်။ ဒီအချိန်မှာ ဒီကသူငယ်ချင်းလေးတွေအတွက် စိတ်၀င်စားစရာကောင်းတာလေး တောင်းဆိုပေးနိုင်မလား။
နောက်ဆုံးတော့ သုံးယောက်မြောက် water friend သည် တန်းစီနေသော လူအုပ်အတွင်းမှ ထွက်လာလေပြီ။ တောင်းဆိုရမညိ့အချိန်ရောက်သော် ပရိတ်သတ်ကိုမေးလိုက်သည်။
"အာ... ငါဘာမေးရလဲ။ နင်တို့ပြောကြလေ။ နင်တို့ရဲ့ဆန္ဒကို နားထောင်ပေးမယ်"
— ကိတ်မုန့်ခွံ့ ကျွေးခိုင်း..... ကိတ်မုန့်ခွံ့ကျွေးခိုင်း.....
— Couple-drink, couple-drink!
နောက်ဆုံးမှာတော့ couple-drink လုပ်ရန်က မဲအနည်းငယ်ပိုများပြီး အနိုင်ရသွားသည်။ လင်းမုန့်သည် ဒီနေရာ၌ ဘာဖျော်ရည်မှမရှိဘူးဟု ပြောချင်သော်လည်း ဆိုင်ရှင်ကျဲကျဲက အထူးစပယ်ရှယ် လီမွန်ဖျော်ရည်ခွက်ကြီးနှစ်ခွက်ကို ယူဆောင်လာသည်။
"နင်တို့နှစ်ယောက် ဆာနေကြပြီမလား။ လာ အအေးသောက်လိုက်ကြဦး"
— ဒါ... အံ့ဩစရာပဲ...။
— ဆိုင်ရှင်အလှလေး... မင်းရဲ့ဆိုင်က ကြီးပွားချမ်းသာလာတော့မယ်ဆိုတာ ငါအကြားအမြင်ရနေတယ်။
— မင်းရဲ့ဆိုင်မှာ membership card လာလုပ်တာ စောင့်နေနော်။
membership cards များအတွက် လင်းမုန့်စီစဉ်ပြီးပြီဖြစ်သည်။ သူတို့နှစ်ဦးသည် နီးကပ်သွားကြပြီးနောက် ဖျော်ရည်သောက်ရင်း နှာခေါင်းများတောင်မှ မထိတထိဖြစ်သွားကြသေးသည်။
YOU ARE READING
(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)
Romanceလင်းမုန့်က "နဂါးငွေ့တန်းဒဏ္ဍာရီ"ဆိုတဲ့gameမှာ rank မြင့်တဲ့အပျော်တမ်းကစားသမားတစ်ယောက်ဖြစ်သည်။ ပြီးတော့ အဆိပ်ပြင်းသည့်လျှာကိုလည်း ပိုင်ဆိုင်ထားသေးသည်။ သူက တခြားသူတွေကိုအနိုင်ယူတဲ့အချိန်ဆိုလျှင် ကြင်နာတတ်တဲ့စကားလုံးတွေထားခဲ့သည် : ဒ...