Translator - Lazy_kallyCHU
Chapter 5
weiboနှင့် forum အချို့ဟာ ပြန်လည်အသက်၀င်လာပြန်သည်။ သို့သော်သည်တစ်ကြိမ်မှာတော့ "ငါတို့ကောင်တွေ ဂိမ်းဆော့တာ အရမ်းပြင်းထန်တာပဲ..."ဟူသော ခေါင်းစဉ်ဖြင့်အစားထိုး ခေတ်စားလာခြင်းပေ ။
လင်းမုန့်မှာ နေ့တိုင်းလိုလို အကြောင်းအရာတူများဖြင့် အပ်ကြောင်းထပ်နေပြီး ပြောင်းလဲမှုမရှိသည့် မှတ်ချက်တွေအများကြီးကို ထိုင်ဖတ်ရင်း ဦးနှောက်ဟာလည်း ဗလာကျင်းလို့နေသည်။
ရာသီကုန်ဆုံးသွားသည့်အခါ စိန်ကြယ်ပွင့်အဆင့်ကို မရနိုင်ခဲ့သည့်အတွက် လင်းမုန့်တစ်ယောက် ပူဆွေးနေပါတော့သည်။
(TN-ဒီနေရာမှာ နည်းနည်းပြောချင်ပါတယ်။ ရှေ့အပိုင်းမှာတုန်းက သူကစိန်ကြယ်ပွင့်အဆင့်ဖြစ်ပြီး နတ်ဘုရားအဆင့်အတွက် မျှော်မှန်းထားတာပါ။ အခုအပိုင်းမှာတော့ အထကိပါအတိုင်းဖြစ်နေပါတယ်။ Eng- translator မှားရေးမိတာလို့ ထင်တာပါပဲ။)
ထိုအတွက် သူဟာမင်းဂွတ်သီးနတ်ဘုရားဟူသော account အပေါ်ကိုသာ အပြစ်အလုံးစုံကို ပုံချလိုက်တော့သည် ။
ရာသီပွဲစဉ်အသစ်စသည့်အခါမှာတော့ လင်းမုန့်သည် မင်းဂွတ်သီးနတ်ဘုရားကို လက်စားချေမည်ဟူသော ဆုံးဖြတ်ချက်ဖြင့် အသေအကြေ ကြိုးစားပါတော့သည်။
အရင်က လင်းမုန့်အနေဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုတွေကို တစ်ကြိမ်တစ်ခါမျှပင်မကြည့်ဖူးပါချေ။ ထို့ကြောင့် Fighting Catဟူသော account တစ်ခုကိုဖန်တီးကာ မင်းဂွတ်သီးနတ်ဘုရား၏တိုက်ရိုက်ထုတ်လွှင့်မှုတွေမှာ အချိန်အကြာကြီးဖြုန်းနေပါတော့သည် ။
မင်းဂွတ်သီးနတ်ဘုရားထံမှ Liveစတင်သည်နှင့် အမာခံဖန်တွေထက်ပင် သူကပိုပြီးစောရောက်နေတတ်၏။ မင်းဂွတ်သီး Live မလုပ်သည့်အချိန်တွေ၌ အခြားကစားသမားတွေကစားပြထားသည့် videoများကို ထပ်ကာထပ်ကာ ကြည့်နေတတ်သည်။
အခြားကစားသမားများ၏ ကစားနည်းကစားပုံနည်းလမ်းများနှင့် လှည့်ကွက်များကို သိရဖို့အတည်ကြီးအာရုံစိုက်ကာ ကြိုးစားနေသည် ။

KAMU SEDANG MEMBACA
(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)
Romansaလင်းမုန့်က "နဂါးငွေ့တန်းဒဏ္ဍာရီ"ဆိုတဲ့gameမှာ rank မြင့်တဲ့အပျော်တမ်းကစားသမားတစ်ယောက်ဖြစ်သည်။ ပြီးတော့ အဆိပ်ပြင်းသည့်လျှာကိုလည်း ပိုင်ဆိုင်ထားသေးသည်။ သူက တခြားသူတွေကိုအနိုင်ယူတဲ့အချိန်ဆိုလျှင် ကြင်နာတတ်တဲ့စကားလုံးတွေထားခဲ့သည် : ဒ...