Chapter 59/1 - ကိုယ့်ဗျူဟာနဲ့ကိုယ်ပြန်တိုက်ခံရ
live လွှင့်ရာ၌ အစီရင်ခံသူများသည် ဒီနေ့လိုအရေးကြီးနေ့တစ်နေ့နှင့် FRUIT team ခေါင်းဆောင် ၁၈ နှစ်သားလေး၏ စတင်ကစားချိန်ကတည်းက ရရှိခဲ့သော ခမ်းနားကြီးကျယ်သည့် မှတ်တမ်းများကို
အမွှမ်းတင်ရန် သေချာပေါက် လက်လွှတ်ပေးမည်မဟုတ်ပေ။
ဒါကြောင့်ပဲ ပရိတ်သတ်ပေါင်းများစွာသည် သူတို့ idol ၏ မွေးနေ့အတွက် အထူးတလည် လာအားပေးကြတာဖြစ်သည်။
သူ၏အမူအရာမဲ့သောမျက်နှာကို ကင်မရာဖြင့် အနီးကပ်ရိုက်လိုက်တိုင်း အားပေးသံလှိုင်းငယ်လေးများ ပရိတ်သတ်များထဲတွင် ပေါ်ထွက်လာတတ်သည်။
အပြုံးအရယ်မရှိသော ခေါင်းဆောင်နှင့် နှိုင်းယှဉ်ပါက ကျန်လေးယောက်သည်  တစ်လျှောက်လုံး အဆက်မပြတ် စကားပြောကာ ရယ်မောနေကြသည်။
တစ်ကယ်တမ်း ဖွင့်ပွဲအတွက် အပျော်ကစားသော သရုပ်ပြပွဲတစ်ခုသာမို့ pro team ၏ ကစားပွဲနည်းပြသည်ပင် ပရိတ်သတ်များထဲသို့ နှင်ထုတ်ခံထားရသည်။ anchor team မှာတော့ နည်းပြပင် မရှိပေ။
အပျော်တမ်းကစားသမား ငါးယောက်အတွက် pro ငါးယောက်ကို ရိုက်ချရန်ဆိုတာ မလွယ်ကူပါချေ။
anchor team မှ လူငါးယောက်တွင် လင်းမုန့်နှင့် ရှန့်ကျုမှလွဲ၍ ကျန်သုံးယောက်သည် ပထမဆုံးအကြိမ်မှာကတည်းက ဆုံဖူးကြပြီးဖြစ်သည်။ ဒါက ငါးယောက်အဖွဲ့မဟုတ်ပေ။ အချိန်ကြာရှည် ပူးပေါင်းဆောင်ရွက်မှုကိုဆို ထည့်ကိုမပြောနဲ့တော့။
ပြဿနာတစ်စုံတစ်ရာမဖြစ်ဘဲ ရှုံးနိမ့်သွားခြင်းက ကောင်းသောအရာဖြစ်လိမ့်မည်ဟု သူတို့အားလုံးခံစားမိကြသည်။ ထို့ကြောင့် ဘယ်သူကမှ စိတ်ဖိအားမရှိကြပေ။
"ငါတို့ထဲမှာ rank အမြင့်ဆုံးသူက မင်းဂွတ်သီးနတ်ဘုရားပဲ။ မင်းဂွတ်သီးနတ်ဘုရားက ခေါင်းဆောင်လုပ်ပါ။ ငါတို့ မင်းနောက်လိုက်မယ်"
anchor များထဲမှတစ်ယောက်သည် ဒီလိုအကြံပြုလာပြီး တခြားသူတွေကလည်း လက်ခံသည်။
(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)حيث تعيش القصص. اكتشف الآن