အခန်း ၃၆+၃၇ ဒီနေရာက ငါ့ဟာပဲ
[TN/ မင်းဂွတ်သီးနတ်ဘုရားရဲ့နာမည်ရင်းက 'ရှန့်ကျူ'ပါ။ 'ရှန်းကျူ'ဆိုတာက မင်းဂွတ်သီးဆိုတဲ့အဓိပ္ပာယ်နော်။ လေပြည်အရင်အခန်းတွေမှာ သတိမထားမိဘဲ မှားရေးမိထားတာလေးတွေတော့ တဖြည်းဖြည်း ပြင်ပေးသွားပါမယ်။]
--------
Chapter 36"မာလကာသီးလား"
လင်းမုန့်တစ်ယောက် သူ့မျက်လုံးများကို မယုံသင်္ကာဖြစ်သွားခဲ့သည်။
"ထုတ်လွှင့်တာကို မကြည့်ဘူးလို့ ခင်ဗျားမပြောခဲ့ဘူးလား"
လူတစ်ယောက်၏စာတိုကို ရှာတွေ့ရန်ခက်ခဲလောက်သည်အထိ လှိုင်းလုံးကြီး(စာများ)က လိမ့်လို့နေသည်။
ဒုတိယအိမ်တော်ထိန်းသည် တိတ်ဆိတ်စွာဖြင့် သူ့လက်ကိုမြှောက်လိုက်သည်။အိမ်တော်ထိန်းဝက်ဝံပျံလေး : လီမွန်ဖေဖေရေ... ကျွန်တော်တို့အသံလွှင့်အခန်းရဲ့စည်းကမ်းတွေကဘာတွေလဲ။ ထုတ်လွှင့်သူတစ်ချို့က အိမ်တော်ထိန်းတွေဆီ သစ်ပင်တက်နေတဲ့ကြောင်ကို့ ပို့လိုက်တယ်။
"အခြေအနေက... ကြောင်ခြံဝင်းပို့လာတာမို့လား"
အိမ်တော်ထိန်းဝက်ဝံပျံလေး : ထုတ်လွှင့်သူရဲ့ WeChat
"....."
အိမ်တော်ထိန်းမင်းဂွတ်သီး : ဘာ WeChatလဲ။ ငါမပေးဘူး။
ရှန့်ကျူဖုန်းပြောပြီးပြန်လာချိန်တွင် platform announcement သည် အသံလွှင့်ခန်း၏အပေါ်တွင် ပေါ်နေဆဲဖြစ်ပြီး ဒုတိယအိမ်တော်ထိန်းမှ ထုတ်လွှင့်သူဆီသို့ စာတိုတစ်စောင်ပို့ရန်အလိုရှိကြောင်း ပြောနေသည်ကိုမြင်လိုက်ရသည်။
[Platform Announcement] အသုံးပြုသူမာလကာသီးမှ ထုတ်လွှင့်သူလီမွန်ကို ကြောင်ခြံဝင်းနှင့် သည်အားပေးစာကို ပေးပို့ခဲ့သည်။
"မရှိဘူး"
(TN/ရှေ့ခန်းတုန်းက ဟုတ်တယ်လို့ပြောခဲ့တာပါနော်။)[Platform Announcement] အသုံးပြုသူမာလကာသီးမှ ထုတ်လွှင့်သူလီမွန်ကို ကြောင်ခြံဝင်းနှင့် သည်အားပေးစာကို ပေးပို့ခဲ့သည်။
"ငါဒါကိုမြင်ဖူးတာ ပထမဆုံးအချိန်ပဲ။ ဒါကနည်းနည်းလေး ရယ်စရာတော့ကောင်းတယ်"

KAMU SEDANG MEMBACA
(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)
Romansaလင်းမုန့်က "နဂါးငွေ့တန်းဒဏ္ဍာရီ"ဆိုတဲ့gameမှာ rank မြင့်တဲ့အပျော်တမ်းကစားသမားတစ်ယောက်ဖြစ်သည်။ ပြီးတော့ အဆိပ်ပြင်းသည့်လျှာကိုလည်း ပိုင်ဆိုင်ထားသေးသည်။ သူက တခြားသူတွေကိုအနိုင်ယူတဲ့အချိန်ဆိုလျှင် ကြင်နာတတ်တဲ့စကားလုံးတွေထားခဲ့သည် : ဒ...