[Unicode]
Chapter 64 - The first night with love.
တံခါး၀ကိုဖြတ်လာပြီးမကြာမီ လင်းမုန့်တစ်ယောက် နံရံ၌ ရှန့်ကျူ၏ဖိကပ်ခြင်းခံလိုက်ရပြီး ပြန်မလွှတ်ပေးခင် တတိတိဖြင့် ညင်သာစွာ ကိုက်ဝါးခြင်းခံလိုက်ရသည်။
ဧည့်ခန်းမှ ဓာတ်လှေကားဆီသို့ အကွာအဝေးကြား ခွဲခွာရန်တွန်းအားပေးခြင်းက လူနှစ်ယောက်၏ နှလုံးသားကို ယားယံစေခဲ့သည်။
လင်းမုန့်၏လည်ပင်းကို စုပ်ယူနမ်းရှိုက်နေသော်လည်း ဟိုတယ်ပတ်ဝန်းကျင်အတွက် စိုးရိမ်ပူပန်မှုများကြောင့် တစ်ချိန်တည်းမှာပင် သူလည်း အာရုံပြောင်းသွားခဲ့သည်။
"၁၁နာရီထောင့်က မျက်နှာကြက်မှာ ကင်မရာရှိနေတာ သတိထားမိလား"
ရှန့်ကျုတစ်ခဏလောက် မျက်စိကစားလိုက်သည်။
"အဲဒါက မီးသတ်ရေဖျန်းစက်လေးပါ"
"သုံးနာရီထောင့်က TV ပေါ်မှာကရော....."
ရှန့်ကျုသည် သူ့နှုတ်ခမ်းလွှာများကို ခိုးယူလိုက်ပြီးနောက် ပြန်မလွှတ်ပေးခင် တစ်ခဏမျှ အရသာခံလိုက်သည်။
"အဲဒါက အနီအောက်ရောင်ခြည်ဖမ်းတဲ့ဟာ။ နဂါးငွေ့တန်းရဲ့ ခွေးကလေးရေ..... မင်းစိုးရိမ်နေလား ဟမ်..."
သူပြဿနာရှာမိပြန်ပြီဆိုတာ လင်းမုန့်သိသော်လည်း အရူးကွက်သာနင်းလိုက်သည်။"ဟီးဟီး..."
ရှန့်ကျူခေါင်းစောင်းကာ လင်းမုန့်၏ရှပ်မှကြယ်သီးများကိုဖြုတ်သည်။ ဒီအချိန်တွင် မျက်နှာပေါ်၌ ဘယ်လိုအမူအရာမျိုး ထသင့်သည်ဆိုတာ လင်းမုန့်မသိပါ။ သူ့ခေါင်းကိုငုံ့၍သာ ရှန့်ကျူ၏လက်ကိုကြည့်နေလိုက်သည်။
လွန်ခဲ့သောရက်အနည်းငယ်က Weibo တွင် ပေါက်ကွဲခဲ့သော 'နဂါးငွေ့တန်းဒဏ္ဍာရီ pro player နဲ့ anchor အလှလေးရဲ့ လက်အနီးကပ်ရိုက်ချက်' ဟူသည့် post တစ်ခုကို သူသတိရမိသည်။
မိန်းကလေးတစ်စု အရူးအမူးလျက်နေကြသည့် လက်ပုံကိုးပုံအနက်မှ ရှန့်ကျု၏လက်ကို တစ်ချက်ကြည့်လိုက်သည်။
ယခု ထိုလက်ပိုင်ရှင်သည် သူ၏သွယ်လျသောလက်ချောင်းများဖြင့် သူ့ရှပ်ကြယ်သီးများကို တစ်လုံးပြီးတစ်လုံး ဖြုတ်နေလေသည်။
YOU ARE READING
(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)
Romanceလင်းမုန့်က "နဂါးငွေ့တန်းဒဏ္ဍာရီ"ဆိုတဲ့gameမှာ rank မြင့်တဲ့အပျော်တမ်းကစားသမားတစ်ယောက်ဖြစ်သည်။ ပြီးတော့ အဆိပ်ပြင်းသည့်လျှာကိုလည်း ပိုင်ဆိုင်ထားသေးသည်။ သူက တခြားသူတွေကိုအနိုင်ယူတဲ့အချိန်ဆိုလျှင် ကြင်နာတတ်တဲ့စကားလုံးတွေထားခဲ့သည် : ဒ...