[Unicode]
ဒီည လေးပိုင်းတောင် update ပေးတယ်နော်။ စနေ၊ တနဂ်နွေကတော့ ကျစ်ယန်တို့ကျင်းရီတို့ ပြန်ရဦးမှာမို့ ဒါလေးနားမယ်နော်။ နောက်အပတ်ပြန်ဆုံပါမယ်။
Chapter 73 - ကျန့်မုကသားမက်ကိုသိနေတယ်
သုံးယောက်သား FRUIT အခြေစိုက်ရာနေရာမှ ထွက်လာပြီးနောက် ရှန့်ကျားစိတ်အခြေအနေကောင်းနေပုံရသည်။ လင်းမုန့်၏ပုံစံက စိတ်သဘောထားကွဲလွဲနေပုံရပြီး ရှန့်ကျူ၏ စိတ်အခြေအနေကတော့ အဓိပ္ပာယ်ဖော်ရခက်သည်။
"ဘာဆက်လုပ်ရမလဲ။ ခွတီးခွကျအခြေအနေကနေ ရုန်းထွက်နိုင်ဖို့ကြိုးစားတာပေမဲ့ proဖြစ်မဲ့လမ်းကြောင်းဆီ တွန်းတင်သလိုဖြစ်သွားတယ်"
လင်းမုန့်တစ်ယောက် လိမ်လည်လှည့်ဖျားခံရသလို ခံစားမိသည်။ ရှန့်ကျူ သူ့ခေါင်းကိုပုတ်လိုက်သည်။
"စိတ်ထဲမထားနဲ့။ လူငယ်မျိုးဆက်တွေက သူတို့ကိုယ်ပိုင်လမ်းကြောင်းကိုဖောက်နိုင်တယ်။ (ဒေသိယစကား) အဖေတစ်ယောက်နေရာကနေ တအားစိုးရိမ်လွန်မနေနဲ့"
"VEGE က အာလူးလေးရဲ့ အနာဂတ်မျှော်လင့်ချက်ကို အမှတ်တမဲ့ ဖျက်ဆီးမိသွားပြီလား။ ငါရှန့်ယောင်အတွက် စိတ်မကောင်းသလို ခံစားရတယ်"
ရှေ့ကိုလျှောက်နေသည့် ရှန့်ကျားသည် နောက်သို့လှည့်ကာ သွားဖြူဖြူများကိုပြသရင်း အားရပါးရပြုံးပြလာသည်။
"မုန့်မုန့်ကောကော...."
"ဘုရား...."
လင်းမုန့် သူ့လက်မောင်းများကို ဖက်ထားလိုက်သည်။
"မင်းခေါ်သံကြီးက ငါ့ကိုကြက်သီးထအောင်လုပ်နေတာပဲ။ ကျေးဇူးပြုပြီး ငါတို့စတွေ့တုန်းက မင်းရဲ့ဗားရှင်းဆီ ပြန်သွားပေးလို့ရမလား"
ရှန့်ကျား : "ဟွန့်..." →_→
လင်းမုန့် စိတ်သက်သာရာရစွာ ရှူထုတ်လိုက်သည်။
"ဒါကမှ သက်တောင့်သက်သာရှိသေး... ဟုတ်သား... ဒီည ငါဘယ်မှာနေရမှာလဲ။ မင်းအိမ်နားမှာ ဟိုတယ်ရှိလား"
ရှန့်ကျူ ပဟေဠိဖြစ်သွားသည်။
"ဘာလို့ဟိုတယ်သွားမှာလဲ။ အိမ်မှာပဲနေလေ"
KAMU SEDANG MEMBACA
(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)
Romansaလင်းမုန့်က "နဂါးငွေ့တန်းဒဏ္ဍာရီ"ဆိုတဲ့gameမှာ rank မြင့်တဲ့အပျော်တမ်းကစားသမားတစ်ယောက်ဖြစ်သည်။ ပြီးတော့ အဆိပ်ပြင်းသည့်လျှာကိုလည်း ပိုင်ဆိုင်ထားသေးသည်။ သူက တခြားသူတွေကိုအနိုင်ယူတဲ့အချိန်ဆိုလျှင် ကြင်နာတတ်တဲ့စကားလုံးတွေထားခဲ့သည် : ဒ...