အခန်း (652)

863 84 1
                                    

အခန်း (၆၅၂) : ခင်ဗျား ကျတော့်ကို သင်ပေးပါ့လား

ဂူမန်မန်က အောက်နှုတ်ခမ်းကို ကိုက်ကာ မျက်မှောင်ကြုတ်ထားလိုက်သော်လည်း နောက်ဆုံးမှာတော့ ဘာမှမပြောတော့ပေ။
သူ့အဖေက ပညာပေးမှာ…….

ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်တာမှာ စာပေရော ပေါင်းစပ်ပါဝင်သင့်လား အထူးသဖြင့် ယောက်ျားလေးတွေကို ပျိုးထောင်ရာမှာပေါ့

သူမလည်း သူမအဖေရဲ့ ပညာရေးသင်ကြားပုံတွေကို ဘာတစ်ခုမှ မမှတ်မိတော့ပေ။

ဒါပေမဲ့ သူ့မရဲ့သားကတော့ သူမနဲ့ မတူသင့်ပါဘူး

အဲလ်ဗစ်က ကြောက်စရာကောင်းသောမျက်နှာထားနဲ့ပဲ စောင့်ကြောင့်ထိုင်ချလိုက်သည်။ ထို့နောက် ကန်ဝူကို စိမ်းသက်သော အကြည့်ဖြင့်ကြည့်ရင်း ပြောလိုက်သည်
“ မင်းမှားမှန်း သိရင် သတ္တိကြောင်တဲ့သူလို အော်ငိုပြီးတောင်းပန်နေမဲ့အစား အဲ့တာကို ပြန်ပြင်ဖို့အတွက် နည်းလမ်းရှာသင့်တာလေ”

ကန်ဝူက မျက်ရည်တွေ ဝဲနေဆဲဖြစ်သော်လည်း ခေါင်းမာသော ကလေးဖြစ်တာကြောင့် နှုတ်ခမ်းလေးကို ကိုက်ထားရင်း မျက်ရည်ကျမလာအောင် ထိန်းနေသည်။ သူက အဲလ်ဗစ်ကို ပြင်းထန်စွာ စိုက်ကြည့်နေရင်း သူက အဲလ်ဗစ်ဖော်ပြလိုက်တဲ့လူစားမျိုးမဟုတ်ဘူးဆိုတာကို ပြသချင်နေသည်။

အဲလ်ဗစ်က လှောင်ရယ်ကာ ကန်ဝူရဲ့မျက်နှာလေးကို လိမ်ဆွဲရင်း ရွံရှာသောလေသံဖြင့် ပြောလိုက်သည်
“ အင်း…မင်းရဲ့အကြည့်က မဆိုးပါဘူး။ ဒါပေမဲ့…..မင်း အနိုင်မရနိုင်တဲ့သူကို ရန်စနေတာကတော့ အချိုးပြေတဲ့အလုပ် မဟုတ်ဘူးနော်”

“ တစ်နေ့ကျရင် ခင်ဗျားကို အနိုင်ရစေရမယ်။ တစ်နေ့ကျရင်…” ကန်ဝူက ကျယ်လောင်စွာ အော်ပြောလိုက်သည်။

အဲလ်ဗစ်က ချွန်ထက်သောလက်သည်းကို ထုတ်လိုက်ကာ ကန်ဝူ၏ကျောပေါ် ရိုက်ချဖို့လုပ်လိုက်သည်။

ကန်ဝူက သူ့ကို ချက်ချင်း ဟန့်တားဖို့ ကြိုးစားသော်လည်း အံကြိတ်ကာ မျက်လုံးတွေကိုသာ ပိတ်ထားမိသည်။

သူ မဟန့်တားနိုင်ဘူး။ သူ မရှောင်ရှားနိုင်ဘူး….အဲ့တာကလည်း သူက အရှုံးကို ဝန်ခံလိုက်တယ်ဆိုတဲ့ သဘောပဲ

အလှလေး ရှောင်မန် Book 5 (645- 994)Where stories live. Discover now