အခန်း (၆၆၈) : ကိုယ် ဘယ်လောက်ထိ တစ်ကိုယ်ကောင်းဆန်လဲဆိုတာ ကိုယ်သိလို့
လီရာက ဂူမန်မန်၏ ဘယ်ဖက်နားရွက်လေးကို ထိတွေ့ရင်း ပြောလိုက်သည်
“ မင်းက ကိုယ့်ရဲ့ယုံကြည်မှုတွေကိုလည်း ယူသွားတယ်လေ။ ပြီးတော့….တစ်ချို့နေရာတွေမှာ ကိုးလ်က ကိုယ့်ထက် ပိုတော်တယ်လေ။ ကိုယ်က သူ့ကိုပဲ ဆက်ပြီး အတုခိုးနေသေးတယ်လေ။ ကိုယ်သာ သူ့အတိုင်းဆက်ပြီး လိုက်လုပ်နေမယ်ဆိုရင် သူ့ကို ဘယ်လိုကျော်လွှားနိုင်ပါ့မလဲ”သူမရဲ့ အမျိုးသားနှစ်ယောက်က တစ်ခြားနေရာတွေမှာဆိုရင် ယုံကြည်မှုအပြည့်ရှိပေမဲ့ အချစ်ရေးနဲ့ ပတ်သက်လာရင်တော့ သူတို့က အရမ်းကို အစိုးရိမ်လွန်ကြသည်။
ဂူမန်မန်က လီရာကို စိုက်ကြည့်ရင်းမေးလိုက်သည်
“ ရှင် အခု မစိုးရိမ်တော့ဘူးလား”လီရာက ဂူမန်မန်၏ နားသီးလေးကို နမ်းကာ ရယ်ရင်း မေးလိုက်သည်
“ အဲလ်ဗစ်ကို မင်းရဲ့ပထမပါတနာဖြစ်လာအောင် ဘာလို့တိုက်တွန်းခဲ့လဲဆိုတာ မင်းသိလား”ဂူမန်မန် စဉ်းစားကြည့်ပြီး ပြန်ဖြေလိုက်သည်
“ ကျမသာ ရှင်နဲ့မိတ်ဖက်လိုက်ရင် ကျမက အဲလ်ဗစ်ကို လက်မခံမှာစိုးလို့မလား။ ပြီးတော့ ရှင့်ရဲ့ကတိကိုလည်း တည်နိုင်မှာ မဟုတ်တော့လို့လေ”လီရာက ခေါင်းယမ်းကာ ပြောလိုက်သည်
“ မင်းက အဲလ်ဗစ်အပေါ် လုံးဝ သွေးအေးမဲ့လူမျိုး မဟုတ်ပါဘူး။ ပြီးတော့ မင်းက ကြင်နာပြီး နူးညံ့တဲ့နှလုံးသားလည်း ရှိတယ်လေ။ ကိုယ်သာ ကောင်းကောင်း စီစဉ်နိုင်ခဲ့ရင် သူ့ကို လက်ခံတဲ့အချိန်က ကိုယ့်ကိုလက်ခံတဲ့အချိန်ထက် ပိုပြီး တိုလိမ့်မယ်”ဂူမန်မန်က စဉ်းစားလိုက်သည်
အင်း….ဟုတ်သားပဲ
သူမက ခေါင်းညိတ်ရင်း ထပ်မေးလိုက်သည်
“ ဒါဆို ဘာလို့လဲ”လီရာက သူမရဲ့နားပေါ်က နှင်းမြေခွေးအမှတ်အသားလေးကို ထိရင်း ပြောလိုက်သည်
“ ကိုယ် ဘယ်လောက်ထိ တစ်ကိုယ်ကောင်းဆန်တယ်ဆိုတာကို ကိုယ်သိလို့ပဲ”“ ဟမ်…” ဂူမန်မန်က လီရာ ပြောတာကို နားမလည်တော့ပေ။
လီရာက ခါးသီးစွာပြုံးလိုက်ပြီးနောက် ရှင်းပြလိုက်သည်
“ ကိုယ်သာ ပထမပါတနာဖြစ်ခဲ့မယ်ဆိုရင် မင်းကို တစ်ယောက်ထဲမကာကွယ်နိုင်လောက်ဘူးဆိုတာကို သိခဲ့ရင်တောင် တစ်ခြားအမျိုးသားတစ်ယောက်နဲ့တော့ ထားခဲ့မှာမဟုတ်ဘူး။ ကိုယ်နဲ့အတူတူသေခိုင်းလောက်တယ်။
ဒါပေမဲ့ အဲလ်ဗစ်က မတူဘူး။ မင်းအတွက်ဆိုရင်….သူက ဘာမဆိုစွန့်ပစ်နိင်သလို…ဘာမဆို ကျော်ဖြတ်နိုင်တယ်။ မင်းကို ပျော်နေစေတဲ့ အရာမှန်သမျှကိုလည်း သူက လုပ်ပေးဦးမှာ။ အဲ့တာကြောင့် မင်းရဲ့ပထမပါတနာအဖြစ် သူက စိတ်အချရဆုံးပဲ။
မင်းတို့နှစ်ယောက် မိတ်ဖက်လိုက်တာနဲ့ သူ့ရဲ့အရည်အချင်းတွေက ကိုယ့်ထက်သာလွန်သွားပြီဆိုတာကို ကိုယ်သိရမှ စိတ်အေးနိုင်တယ်။ ဘာလို့လဲဆိုတော့ ကိုယ်က သဝန်တိုပြီးတော့ အထိန်းအချုပ်မဲ့သွားရင်တောင် မင်းကို တစ်ယောက်ယောက်ကတော့ သေချာပေါက် ကာကွယ်ပေးနိုင်မယ်ဆိုတာ သိလို့လေ”
YOU ARE READING
အလှလေး ရှောင်မန် Book 5 (645- 994)
Romancesequel of book 4 translation of Beauty and the beast wolf hubby xoxo all crd to original Author su yujin you can read in webnovel