အခန်း (698)

688 80 0
                                    

အခန်း (၆၉၈) : ကျမယောက်ျားရဲ့  လက်တွေကို မညစ်ပတ်စေချင်ရုံပါ

အဲလ်ဗစ်နဲ့ ကိုးလ်တို့ စတင်တိုက်ခိုက်ကြသည်။ ပဉ္စမအဆင့်သားရဲ  နှစ်ကောင်  တိုက်ခိုက်ပြီး ဖြစ်လာသော အပျက်အစီးက နူးကလီးယားဗုံး ပေါက်ကွဲခြင်းနှင့် ညီမျှသည်။

လီရာက တိုက်ပွဲကို ကြည့်ဖို့ စိတ်မဝင်စားပေ။ သူက ဂူမန်မန်ကို ကာကွယ်ဖို့ အမြန်သွားလိုက်သော်လည်း သူမ နိုးနေပေမဲ့ မလှုပ်မယှက်  နေနေသည့်ပုံကို တွေ့လိုက်သည်။

“မန်မန်……”

ဂူမန်မန်က ထိုင်ကာ လီရာကို ပြုံးပြရင်း ပြောလိုက်သည်
“ ကျမ အခု ထလို့ရပြီလား”

လီရာက ခေါင်းညိတ်ပြရင်း ပြောလိုက်သည်
“ မင်း ဒါတွေ အကုန်လုံးကို သိနေခဲ့တာလား”

ဂူမန်မန်က လီရာနားကပ်ကာ ပြောလိုက်သည်
“ အရူးလေး……သူ ဒီနေ့ပေါ်လာမယ်ဆိုတာကို သိပြီးတာတောင် ကျမရဲ့စားစရာထဲကို ဆေးခတ်သေးတာလား”

လီရာက ခါးသီးစွာရယ်ရင်း ပြောလိုက်သည်
“ မင်းက အခုဆိုရင် အားပြန်ပြည့်လောက်ပြီ ထင်ပေမဲ့ မင်းကိုကာကွယ်ပေးဖို့အတွက် ကိုယ်အတတ်နိုင်ဆုံး ကြိုးစားချင်သေးတယ်”

ဂူမန်မန်က သက်ပြင်းချကာ ပြောလိုက်သည်
“ ကျမ သူ့ကို လွယ်လွယ်နဲ့ အနိုင်ယူနိုင်တယ်ဆိုတာကို ရှင်လည်းသိပါတယ်။ ဒါပေမဲ့….ရှင်က အဲ့လိုလုပ်ပြီးတော့ ဒဏ်ရာတွေ အများကြီးရအောင်လုပ်နေတယ်….”

လီရာက ခေါင်းယမ်းကာ ဂူမန်မန်ကို ကြည့်ရင်း ပြောလိုက်သည်
“ ကိုယ်သာ ဒီလိုမျိုး ဒဏ်ရာတွေ မရဘူးဆိုရင် ဒါတွေကို လုပ်ခဲ့မိတဲ့အတွက် မင်းကို ဘယ်လိုလုပ်ပြီးတော့ ပေးဆပ်ရမလဲ”

မီးတောင်ပေါက်သလို ကျယ်လောင်သော အသံတစ်ခုက ဂူမန်မန်၏ဘေးဘက်မှ ကြားလိုက်ရသည်။

သူတို့ လှည့်ကြည့်လိုက်သောအခါ ကိုးလ်က အဲလ်ဗစ်ကြောင့် မြေပြင်ပေါ်မှာ လဲကျနေသော အနေအထားဖြစ်ပြီး အဲလ်ဗစ်က သူ့ပုခုံးပေါ်ကို ခြေထောက်ဖြင့် ဖိနင်းထားကာ ငုံ့ကြည့်နေသည်။ အဲလ်ဗစ်ကိုကြည့်ရတာ သေမင်းတစ်ပါးလိုပင် ခံစားရစေသည်။

အလှလေး ရှောင်မန် Book 5 (645- 994)Donde viven las historias. Descúbrelo ahora