အခန်း (977 & 978)

441 63 0
                                    

အခန်း (၉၇၇) : အမယ်လေး ချီးထုပ်လေး ရှင် မသေသေးဘူးပဲ

အဲလ်ဗစ်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ဂူမန်မန်၏ မျက်ရည်တွေကို သုတ်ပေးလိုက်သည်။

သူမကို ဖက်ထားကာ အသက်ပြင်းပြင်း ရှူသွင်းရင်း ပြောလိုက်သည်

“ ကိုယ် မင်းကို အမြဲပြုံးနေရအောင် လုပ်ပေးချင်တယ်။ ဒါပေမဲ့ အမြဲတမ်း ငိုရအောင်ပဲ လုပ်နေမိတယ်….ကိုယ်က အခုထိ အားနည်းသေးတာပဲ”

စနိတ်ခ် နောက်ဆုံးပြောသွားသောစကားက သူ့ရင်ထဲမှာ သံမှိုလို စွဲကပ်နေသည်။ ဂူမန်မန် နာကျင်စရာ တစ်ခုခုကြုံတွေ့ရတိုင်း အဲ့ဒီစကားကိုသာ ပြန်လည် ကြားယောင်နေမိသည်။

ဂူမန်မန်က ခေါင်းယမ်းကာ ပြောလိုက်သည်

“ ရှင်က အခုလည်း ကောင်းကောင်းလုပ်နေတာပဲလေ…..တကယ်ကို ကောင်းကောင်းလုပ်နေတာပါ….”

“ ဒါပေမဲ့ မင်းက ငိုနေတုန်းပဲလေ” အဲလ်ဗစ်က ဂူမန်မန် မျက်ရည်တွေကို သုတ်ပေးကာ နီရဲနေသော မျက်လုံးကို စိုက်ကြည့်ရင်း ပြောလိုက်သည်

“ မင်းငိုနေရင် ကိုယ် ဘာလုပ်ရမှန်းကို မသိတော့ဘူး”

ဝါဘယ်က သူတို့အနားကိုလာကာ ပြောလိုက်သည်

“ မင်းတို့တွေအကုန်လုံး အချိန်ဆွဲနေတာ မပြီးတော့ဘူးလား။ ငါတို့ တောအုပ်ရဲ့ဝိညာဉ်ကို သွားယူဦးမှာလား”

ဂူမန်မန်က မျက်ရည်စီးကြောင်းများနဲ့အတူ ဝါဘယ်ဘက်သို့လှည့်ပြီး ပြောလိုက်သည်

“ အမယ်လေး….ချီးထုပ်လေး ရှင်မသေသေးဘူးနော်…”

ဝါဘယ်က အံကြိတ်ကာ ပြောလိုက်သည်

“ ငါ့ကို သတ်နိုင်တဲ့တစ်ဦးတည်းသောသူကို မင်းက ဖျက်ဆီးလိုက်တော့ ငါက ဘယ်လိုလုပ်ပြီး သေပါတော့မလဲ”

ဂူမန်မန်က ခေါင်းညိတ်ကာ ပြောလိုက်သည်

“ အင်း…ဆိုးသွမ်းတဲ့သူတွေက နှစ်တစ်ထောင်အထိ နေနိုင်ကြတယ်လို့ ပြောကြတယ်ဆိုတော့….ရှင်က အနည်းဆုံးတော့ နောက်ထပ်နှစ်၂၀၀လောက် နေရဦးမှာပဲ”

အလှလေး ရှောင်မန် Book 5 (645- 994)Where stories live. Discover now