အခန်း (665)

783 80 4
                                    

အခန်း (၆၆၅) : ကိုယ့်ရဲ့ ပထမဆုံးအကြိမ်ကို မင်းအတွက် ချန်ထားတာလေ

လီရာက ဂူမန်မန်၏ နဖူးပေါ် အနမ်းခြွေလိုက်သည်။

ဂူမန်မန်က သက်ပြင်းချကာ လီရာကိုကြည့်ရင်း မေးလိုက်သည်
“ ရှင် အခု ကျမကို ပြောပြလို့ရပြီလား။ ‘အတုကို တိုက်ခိုက်ဖို့အတွက် နောက်ထပ်  အတုကိုသုံးတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ”

လီရာက ခဏလောက်  ကြောင်သွားပြီးမှ ပြုံးကာ ဂူမန်မန်၏  ခေါင်းလေးကို ပွတ်ရင်း ပြောလိုက်သည်
“ ဟား….ဟား….မင်းဆီကနေ ကိုယ်ဘာကိုမှ ကွယ်ဝှက်ထားလို့  မရနိုင်ဘူးပဲ”

ဂူမန်မန် ဘာမှမပြောသော်လည်း ထိုကိစ္စက ကိုးလ်နဲ့ ပတ်သက်နေမယ်ဆိုတာကိုတော့ သူမ သိသည်။

လီရာက ဂူမန်မန်၏ခေါင်းလေးပေါ်သို့ မေးစေ့တင်ကာ ပြောလိုက်သည်
“ ကိုယ်တို့ ကိုးလ်ကို မောင်းထုတ်တုန်းက သူ ကိုယ့်ကို ပြောခဲ့တဲ့စကားကို မှတ်မိလား”

ဂူမန်မန် ခေါင်းညိတ်ပြလိုက်သည်။

သူမရဲ့မှတ်ဉာဏ်တွေက ကြောက်စရာကောင်းလောက်အောင် အရမ်းကောင်းနေသောကြောင့် မှတ်မိရန်ပင် မလိုပေ။

လီရာက ပုံပြင်ပြောသလို ပြန်ပြောပြလိုက်သည်
“ လွန်ခဲ့တဲ့နှစ်အနည်းငယ် ကိုယ် မောင်းထုတ်ခံခဲ့ရတုန်းက ကိုယ် ကိုးလ်ကို အရမ်းမုန်းခဲ့တာ။ ဒါပေမဲ့ ကိုယ်တို့ရဲ့ အရည်အချင်းကွာခြားမှုကြောင့် လက်စားချေခွင့်မရခဲ့ဘူး။ ကိုးလ်အနားကို ကပ်သွားတိုင်း သူ့ရဲ့လှည့်ကွက်မှာပဲ တစ်ခါထပ်ပြီး ကျရှုံးနေရတယ်။
သူ ကြိုးဆွဲရာကမဲ့ အတုအယောင်လည်း မဖြစ်ချင်ဘူး။ အဲ့တာကြောင့် အကောင်းဆုံးဖြေရှင်းနည်းက သူ့ကို နားလည်ပေးပြီး ကျော်သွားလိုက်တာပဲ”

ဂူမန်မန်က အစတုန်းက မောင်နှမကိစ္စတွေဆိုရင် စိတ်ဝင်စားခြင်းမရှိခဲ့ပေ။ သို့သော် ကိုးလ်က လီရာကိုနာကျင်စေဖို့ချည်း ဘာလို့လုပ်နေရတာလဲဆိုတာကို သူမ လုံးဝ စဉ်းစားလို့မရတော့ပေ။ ကိုးလ်က လီရာကို သတ်ချင်ရင် အလွယ်လေးဆိုပေမဲ့ သူ့ကို သတ်ဖို့အတွက် မရွေးချယ်ပဲ လီရာရဲ့စိတ်ကိုသတ်ဖို့ အရက်စက်ဆုံးနည်းလမ်းတွေကို သုံးရင်း ရှင်နေရက်နဲ့ သေသလိုဖြစ်အောင် လုပ်နေသည်။

အလှလေး ရှောင်မန် Book 5 (645- 994)Tempat cerita menjadi hidup. Temukan sekarang