အခန်း (687)

701 74 0
                                    

အခန်း (၆၈၇) : အခု ကိုယ့်ကို အဖြူရောင်မုသားတောင် မပြောနိုင်တော့ဘူးလား

သူတို့ နေရာဆီပြန်ရောက်တော့ လီရာက ညစာကို ချက်ချင်းမပြင်ပဲ ဂူမန်မန်၏ပေါင်ပေါ်လဲလျောင်းကာ မော့ကြည့်ရင်း ပြောလိုက်သည်
“ ကိုယ် ဘာကီကို မကြိုက်ဘူး။ ယူရှီဂျင်းနဲ့ တူတဲ့ မျက်နှာကိုရော….ကန်ဝူကို အသုံးချပြီး မင်းအနားကို ကပ်နေတာကိုရော ကိုယ် မကြိုက်ဘူး”

ဂူမန်မန်က လီရာရဲ့မျက်နှာလေးကို အုပ်ကိုင်ရင်း နှာခေါင်းထိပ်လေးကို အနမ်းခြွေကာ ပြောလိုက်သည်
“ ဘာကီနဲ့ ကျမကြားထဲမှာ ဘာပတ်သက်မှုမှ မရှိပါဘူး။ ကျမက ကိုးလ်ထွက်လာအောင်လို့ ဒါမျိုးကို လုပ်နေရတာလေ”

လီရာက ဂူမန်မန်၏ခေါင်းလေးကို ထိန်းရင်း အနမ်းခြွေလိုက်သည်။ ထိုကဲ့သို့ လုပ်လိုက်ခြင်းက သူ့ရဲ့ခံစားချက်ကို ကုစားပေးလိုက်သော်လည်း ဘာကီနဲ့ အခြေအနေကိုတော့ နားမလည်နိုင်သေးပေ။

“ သူ့ရဲ့ညွှန်ကြားချက်တွေအတိုင်း လိုက်ပြီး မလုပ်ဘူးဆိုရင်တောင် ကိုးလ်ကတော့ ပေါ်လာဦးမှာပဲလေ” လီရာက နမ်းပြီးနောက်မှာ ပြောတာက ပိုပြီးနူးညံ့လာသော်လည်း ခေါင်းမာဆဲပင်ဖြစ်သည်
“ မင်းနဲ့ ဘာကီ အတူတွဲပြီးရပ်နေတာကိုတောင် ကိုယ် ကြည့်မနေနိုင်ဘူး။ အဲ့လိုချိန်ဆိုရင် သူ့ကို အပိုင်းပိုင်းဖြစ်အောင် ဆွဲဖြဲပစ်ချင်တာ”

ဂူမန်မန်က လီရာကို စိုက်ကြည့်နေသည်။

ဒီရက်ပိုင်းအတွင်း လီရာက အတော်ထူးဆန်းလာသည်။ သူ့ရဲ့ သဝန်တိုမှုကလည်း မြင့်တက်လာသည်။

သူက အဲလ်ဗစ်ကိုတောင် စိန်ခေါ်ဖို့  လုပ်ခဲ့သေးသည်။ ပြီးတော့ သူကိုယ်တိုင်ကပဲ အဲလ်ဗစ်ရဲ့ရင်ခွင်ထဲကို သူမကို တွန့်ပို့ခဲ့တာ မဟုတ်လား။

ဂူမန်မန်က လီရာ၏မျက်နှာလေးကို အုပ်ကိုင်ကာ မေးလိုက်သည်
“ ရှင့်ရဲ့စိတ်ထဲမှာ တစ်ခုခုဖြစ်နေလား။ အခုတစ်လော ရှင် ထူးဆန်းလာတယ်လို့ ကျမ ခံစားရတယ်”

လီရာက ဂူမန်မန်၏လက်လေးကို ကိုင်ရင်း ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်
“ ကိုယ့်ရဲ့ရည်မှန်းချက်က မင်းကို ပိုင်ဆိုင်ဖို့ပဲ။ အဲ့လိုလုပ်ဖို့ ခွင့်ပြုမှာလား”

အလှလေး ရှောင်မန် Book 5 (645- 994)Wo Geschichten leben. Entdecke jetzt