အခန်း (993 & 994)

993 82 7
                                    


အခန်း (၉၉၃) : သူမ ချီရွှမ်ကို ပြန်ပြီး လုယူချင်တယ်

" ပြောင်းသွားတယ်ဟုတ်လား" ဂူမန်မန် နားမလည်နိုင်တော့ပေ။ သူမက ညှပ်ရိုးပေါ်က အမှတ်ကို ငုံ့ကြည့်လိုက်သည်။ သူတို့နှစ်ယောက် ပါတနာတွေဖြစ်တော့ အဲလ်ဗစ်က တတိယအဆင့်သားရဲဖြစ်ပြီး အခုတော့ ပဉ္စမအဆင့်သားရဲ ဖြစ်သွားသော်လည်း အမှတ်က ပြောင်းလဲသွားခြင်းမရှိပေ။ တတိယအဆင့်တုန်းကလိုမျိုး မပြောင်းလဲပဲ ရှိနေသည်။ လီရာရဲ့အမှတ်ကလည်း ပြောင်းလဲမှု လုံးဝမရှိပေ။

ဒါဆို စနိတ်ခ်ရဲ့အမှတ်က ဘာလို့ပြောင်းလဲသွားရတာလဲ

အဲ့တာက မိတ်ဖက်အမှတ် မဟုတ်ပဲ ကာကွယ်ပေးတဲ့အမှတ် မလို့များလား။ ဒါပေမဲ့ ဘာက ပြောင်းလဲသွားစေတာလဲ

ဝါဘယ် စိတ်ပူနေသလိုမျိုး စနိတ်ခ်က ဟိုဘက်မှာ တစ်ခုခုဖြစ်နေတာများလား

သူမ သားရဲနတ်ဘုရားဆီကို သွားမေးချင်ပေမဲ့လည်း.......

သူမရဲ့ရင်ခွင်ထဲက ချီရွှမ်ကို ငုံ့ကြည့်လိုက်သည်။ သူမ စိတ်ထဲ မသက်မသာ ဖြစ်နေရသည်။

သူမ အခု အိပ်လို့မရနိုင်ပေ။ သူမ တစ်ခါအိပ်လျှင် သုံးရက်ကနေ လေးရက်အထိ ကြာတာကြောင့် သူမ နိုးလာလျှင် ချီရွှမ်က ရှိမည်မဟုတ်တော့ပေ။

သူမသာ ဒီအခွင့်အရေးကို လက်လွတ်သွားပါက ချီရွှမ်ကို ဘယ်အချိန်မှ ပြန်တွေ့ရမယ်ဆိုတာကို ဘယ်သူမှ မသိပေ။

ဘာပဲဖြစ်ဖြစ် သူမ ကြိုးစားရမယ့်အရာ တစ်ခုရှိနေသည်။

သူမက ချီရွှမ်၏ လက်ကို တင်းကြပ်စွာဆုပ်ကိုင်လိုက်ရင်း ဝါဘယ်ကို ကြည့်ကာ ပြောလိုက်သည်

" ခဏကြာရင် ကျမ သူ့ကို သွားမေးလိုက်မယ်။ အခုက အချိန်ကောင်းမဟုတ်ဘူး"

ဝါဘယ်က ဒေါသထွက်သွားတာကြောင့် ဂူမန်မန်ကို အော်ပြောလိုက်သည်

" သူက မင်းအတွက်ကြောင့်နဲ့ တစ်ခါသေပြီးပြီလေ သူ့ဆီကနေ နောက်ထပ် ဘာတွေများလိုချင်သေးတာလဲ။ မင်းရဲ့နှလုံးသားက ကျောက်တုံးနဲ့ လုပ်ထားတာလား။ မင်းက သူ့အတွက် နည်းနည်းလေးတောင် ခံစားချက်မရှိဘူးလား"

Has llegado al final de las partes publicadas.

⏰ Última actualización: Oct 13, 2021 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

အလှလေး ရှောင်မန် Book 5 (645- 994)Donde viven las historias. Descúbrelo ahora