အခန်း (817 & 818)

518 78 0
                                    

အခန်း (၈၁၇) : သဝန်တိုမှု

သူမရဲ့သား ဘာတွေလုပ်နေခဲ့လဲဆိုတာ သိချင်စိတ်ကို အိပ်မက်ထဲအထိ ဖျောက်မရပေ။

သူ အရပ်ရှည်လာပြီလား။ ကောင်းကောင်းရော စားရရဲ့လား။ သူ အနိုင်ကျင့်ခံနေရမလား

သို့သော် အခု သူ တကယ်ရောက်လာချိန်မှာတော့ သူ့ကို ကြည့်ဖို့ သတ္တိတောင် မရှိပေ။

သူ ခံစားခဲ့ရတဲ့အရာတွေ အားလုံးက သူမဆီကနေ အစပြုခဲ့တယ်ဆိုတာကို ဘယ်လိုလုပ်ပြီး ပြောနိုင်ရတာလဲ….

ဂူမန်မန်က လှည့်လိုက်ကာ အဲလ်ဗစ်၏ လက်ကိုကိုင်ဆွဲရင်း နယ်တလီ၏ လက်ပေါ်သို့ တင်ပေးလိုက်သည်။

အဲလ်ဗစ်က အတင်းရုန်းနေသည်။ အဲ့လိုလုပ်ရတာကလည်း နယ်တလီကို ခွင့်မလွှတ်နိုင်တာကြောင့် မဟုတ်ပဲ ဂူမန်မန်ကလွဲပြီးတော့ တစ်ခြားအမျိုးသမီးနဲ့ ထိတွေ့ရမှာကို မကြိုက်သောကြောင့်ပင် ဖြစ်၏။

အထူးသဖြင့် လက်ကိုထပ်ပေးလိုက်သူက ဂူမန်မန်ကိုယ်တိုင် ဖြစ်နေသည့်အတွက် အဲလ်ဗစ် မကျေမနပ် ဖြစ်နေမိသည်။

သူ မျက်မှောင်သာ ကြုတ်ထားမိသည်။

လီရာကို နီနာနဲ့အထင်လွဲခဲ့တုန်းကတော့ ဂူမန်မန်က လူသတ်ချင်စိတ်ဖြစ်လောက်အောင်ထိ စိတ်ဆိုးဒေါသထွက်ခဲ့သည်။

ဒါပေမဲ့ အဲလ်ဗစ်ရဲ့လက်ကိုကျတော့ ဘယ်သူထိထိ ရတယ်ဆိုတဲ့ သဘောလား

လီရာ ပြောလေ့ရှိသော ‘မန်မန်က ငါ့ကို ဘယ်သူမှထိမှာမကြိုက်ဘူး’ဆိုသောစကားက အခုတော့ အဲလ်ဗစ်ရဲ့နှလုံးသားအတွက် နာကျင်စရာ ဖြစ်နေသည်။

တိုက်ပွဲတွေတိုက်တဲ့အချိန်ကလွဲလို့ သူ့ကို ဘယ်သူမှ ထိတွေ့ခွင့်မပေးခဲ့ပေ။

ကြည့်ရတာ သူအတွေ့များနေပုံပေါ်သည်။

ရှောင်မန်က လီရာကိုပဲ ဂရုစိုက်တယ်……

အဲလ်ဗစ် အရမ်းကို သဝန်တိုနေပြီ ဖြစ်သည်။ သို့သော် ဂူမန်မန်ကတော့ လျစ်လျူရှုထားဆဲပင် ဖြစ်သည်။

သို့သော် သူမကို အပြစ်တင်လို့လည်း မရနိုင်ပေ။ လဲလျောင်းနေသော အမျိုးသမီးကလည်း အဲလ်ဗစ်၏ အမေသာ ဖြစ်တော့သည်။

အလှလေး ရှောင်မန် Book 5 (645- 994)Opowieści tętniące życiem. Odkryj je teraz