အခန်း (၈၈၃) : အသားအရည်ကောင်းရင် အမှားတွေအကုန်လုံးကို ဖုံးသွားပေမဲ့ ဝတာကတော့ အရာအားလုံးကို ဖျက်စီးနေတယ်
ထိုနေ့ညတွင် ဆာရူဒါမှာ မီးပုံပွဲကျင်းပကြသည်။
ပြီးတော့ ဒါက နှစ်သစ်အတွက် အရေးကြီးသော စတင်ခြင်းလည်း ဖြစ်ပေသည်။ သားရဲနတ်ဘုရားရဲ့ တမန်တော် တစ်ယောက်အနေနဲ့ ဂူမန်မန် သေချာပေါက် တက်ရောက်ရမည် ဖြစ်သည်။
မီးပုံပွဲမှာ ချထားသော ပလ္လင်က ဂူမန်မန်အတွက်သာ ဖြစ်သည်။
မီးပုံပွဲတွေမှာ မိသားစုတစ်စုကို မီးပုံတစ်ပွဲဟု သတ်မှတ်ထားသည်။ မီးပုံတွေလည်း များနေသောကြောင့် မျိုးနွယ်စုထဲမှာ အမျိုးသမီးတွေ များနေမှန်း သိသာသည်။ မိသားစုမရှိသော အမျိုးသားတွေကလည်း ကိုယ်သဘောကျသော အမျိုးသမီးရှေ့တွင် အကောင်းမြင်ခံရဖို့ ကြိုးစားနေသည်။ သူတို့ အောင်မြင်ပါက ထိုနေ့ညမှာပဲ မိသားစုတစ်စုထဲ ရောက်သွားနိုင်သည်။
အဲ့လိုမျိုး ပွဲမှာတောင် အော့လေက ကြီးကြပ်သူပီပီ စီစဉ်စရာရှိတာကို စီစဉ်နေသည်။ အမျိူးသမီးအချို့ကလည်း အော့လေကို ကောင်းပြနေကြသည်။
ဘာကီကို သူတို့မိသားစုရဲ့ မီးပုံပွဲထဲကိုခေါ်ဖို့အတွက် ဘာကီက ဂူမန်မန်ဆီမှာ တောင်းဆိုခဲ့သည်။ သူတို့ သုံးယောက်က ဒီနေ့အမဲလိုက်ရာမှာ အတော်လေး စိတ်လှုပ်ရှားခဲ့တာကြောင့် အဖြစ်အပျက်တွေ အကုန်လုံးကို ဘာကီထံ ပြန်ပြောပြနေသည်။ ဘာကီက ဂူမန်မန်နဲ့ စကားပြောချင်သော်လည်း အဲ့လိုလုပ်ဖို့အတွက် အခွင့်အရေး မရှိ ဖြစ်နေသည်။
ဂူမန်မန်ကတော့ စိတ်အေးလက်အေးဖြင့် ပျော်ရွှင်နေသည်။ သူတို့သုံးယောက်က ရည်ရွယ်ချက်ရှိရှိ လုပ်နေတာကိုလည်း သူမ သိသည်။
တကယ်လို့ ဘာကီက သူမကို စကားလာပြောလို့ သူမက သေချာအာရုံစိုက်ပေးပြီး ပြန်ပြောနေပါက သူက သူတို့နဲ့အတူ ထိုင်ခွင့်ထပ်မရတော့မှာကို သူတို့ သိသောကြောင့်ပင် ဖြစ်သည်။
သူမ ရဲ့အမျိုးသားနှစ်ယောက်က တစ်ခြားအမျိုးသားတစ်ယောက် သူမရှေ့မှာ အကောင်းမြင်အောင် လုပ်ပြနေတာကို ဘယ်တော့မှ ခွင့်ပြုမည်မဟုတ်ပေ။
أنت تقرأ
အလှလေး ရှောင်မန် Book 5 (645- 994)
عاطفيةsequel of book 4 translation of Beauty and the beast wolf hubby xoxo all crd to original Author su yujin you can read in webnovel