အခန်း (672)

716 87 1
                                    

အခန်း (၆၇၂) : မင်းရဲ့ သူရဲကောင်းက ကိုယ် မဟုတ်ဘူးလား

အဲလ်ဗစ်က ဂူမန်မန်၏  မေးစေ့လေးကို အသာပင့်တင်ကာ ပြောလိုက်သည်
“ မင်းသာ ပျော်နေတယ်ဆိုရင် ဝံပုလွေပေါက်လေးတွေကို အရှုံးပေးလိုက်ရလည်း ပြဿနာမရှိဘူး။ ဒါပေမဲ့ မင်းတစ်ခု မှတ်မိထားရမှာက….သူက ရန်သူရဲ့အစာ  ဖြစ်သွားပြီဆိုရင်တော့ မင်း မငိုရဘူး”

ဂူမန်မန် နှုတ်ခမ်းတွေကို ဖိကိုက်ထားသည်။

အသက်ရှင်ဖို့အတွက် ကြံ့ခိုင်ရမယ်ဆိုသော စည်းမျဉ်းကို သူမ သိသည်။ စနိတ်ခ်ရဲ့ မှတ်ဉာဏ်ထဲမှာလည်း ထိုအကြောင်းတွေ များလှသည်။

ပြီးတော့ လေလွင့်သားရဲတွေရဲ့တိုက်ခိုက်မှုက ဥပမာတစ်ခုပဲ မဟုတ်လား

သိမ်းငှက်ပေါက်စလေးတောင် အမေရဲ့အသိုက်ထဲမှာ ကြီးပြင်းလာတဲ့အချိန်မှာ ပျံသန်းခြင်းကို မတတ်မြောက်ဘူးမဟုတ်လား

ဒါပေမဲ့ ကန်ဝူက သူမရဲ့သားဖြစ်တာကြောင့် သူ့အတွက် သေချာပေါက် နာကျင်ခံစားရလိမ့်မည်

ကန်ဝူက အဲလ်ဗစ်ရဲ့စကားတွေကို လုံးဝ လျစ်လျူရှုထားသည်။

ကန်ဝူက ဂူမန်မန်၏ခြေထောက်ပေါ်သို့ လက်လေးတင်ကာ အပြာရောင်လဲ့နေသော မျက်ဝန်းများဖြင့် ဂူမန်မန်ကို ကြည့်ရင်း ပြောလိုက်သည်
“ မာမီ…စိတ်မပူပါနဲ့။ ကျတော် မနာပါဘူး….တကယ်ကို မနာပါဘူး။ ဝံပုလွေတစ်ကောင်အနေနဲ့ ဒီလောက်ဒဏ်ရာလေးက ဘာမှမဟုတ်ပါဘူး”

ဂူမန်မန်က ခဏတာကြောင်သွားပြီးမှ ပြုံးပြလိုက်သည်။

ကန်ဝူ ဒီအရှုပ်ထုပ်လေးကတော့…….

သူက အဲလ်ဗစ်ကို မုန်းတယ်ဟုပြောပြီး အမြဲရန်ဖြစ်နေကြသော်လည်း တကယ်မှာတော့ သူ့နှလုံးသားထဲမှာ သူ့အဖေက လွှမ်းမိုးနေပြီဖြစ်သည်။

မျက်မှောင်ကြုတ်ထားတဲ့ပုံ၊ ရင့်ကျက်သောအကြည့်အပြင် ‘ဝံပုလွေတစ်ကောင်အနေနဲ့’ဆိုသောစကားဟာ……

အနီးကပ်ကြည့်လိုက်လျှင် ကန်ဝူနဲ့ အဲလ်ဗစ်တူတဲ့အချက်တွေကို တန်းပြီးရှာတွေ့နိုင်သည်။

အလှလေး ရှောင်မန် Book 5 (645- 994)Opowieści tętniące życiem. Odkryj je teraz