အခန်း (၉၅၇) : အားအကြီးဆုံး ဒေသခံ
ဂူမန်မန် ဘာမှပြန်မပြောရသေးခင်မှာပဲ နယ်တလီက ဝင်ပြောလိုက်သည်
“ သူ့ကို အတူလိုက်ခိုင်းလိုက်ပါ။ သူက ဇာချာရီးရက်စ် မျိုးနွယ်စုအကြောင်းကို ကောင်းကောင်းသိတော့ သူလိုက်တာက အထောက်အကူဖြစ်မှာပါ”
ဂူမန်မန်လည်း အဲ့ဒီအကြောင်းကို စဉ်းစားကြည့်ပြီး သဘောတူလိုက်သည်။ အရမ်းလေ့ကျင့်ထားတဲ့သူတစ်ယောက် ဖြစ်နေရင်တောင် အားကြီးသော ဒေသခံကိုယှဉ်ဖို့အတွက် ခက်ခဲလှသည်။ ပီတာကလည်း ဒီမှာ အင်အားကြီးသောသူ တစ်ယောက် ဖြစ်ပေသည်။
သူရှိနေတဲ့အတွက် လီယိုနာ့ဒ်က သူတို့ကို လှည့်စားမယ်ဆိုရင်တောင် နှစ်ခါပြန်စဉ်းစားရလိမ့်မည်။ တမန်တော်နဲ့ လေလွင့်သားရဲကို တိုက်ခိုက်ခြင်းက တစ်ချိန်ထဲမှာ အင်အားကြီးသော နတ်ဘုရားနဲ့ နတ်ဆိုးကို တွေ့လိုက်ရသလိုဖြစ်လိမ့်မည်။ ဒီလိုအားကောင်းတဲ့ နှစ်ယောက်ရှေ့မှာတော့ ဇာချာရီးရက်စ်တွေ တိုက်ခိုက်ဖို့ သတ္တိရှိနိုင်ပါ့မလားဆိုတာကို ဘယ်သူမှ မသိနိုင်ပေ။
ဂူမန်မန်က ခေါင်းညိတ်ရင်း ပြောလိုက်သည်
“ ဒါဆို ကျမ ရှင့်ကို ဒုက္ခနည်းနည်း ပေးမယ်နော်”
ပီတာက ဘာမှထပ်မပြောတော့ပေ။ အဲလ်ဗစ်လည်း သူတို့ကို ဘာမှဆက်ပြောမနေတော့ပဲ ဂူမန်မန်ကိုသာ ဂူသို့ ပြန်သယ်သွားသည်။ ကလေးသုံးယောက်ကလည်း နောက်ကနေ လိုက်လာသည်။
သူတို့က မိုးရွာတာကြောင့် ခရီးနှောင့်နှေးခဲ့သည့်အတွက် အခုချိန်မှာတော့ ဘာမှထပ်ပြီး ပြင်ဆင်မနေတော့ပဲ နောက်တစ်နေ့မနက်မှာပဲ ဇာချာရီးရက်စ်ကို ချက်ချင်းသွားဖို့ ပြင်လိုက်သည်။ သူတို့ငါးယောက် ဂူမန်မန်၊ အဲလ်ဗစ်၊ လီရာ၊ ဝါဘယ် နဲ့ပီတာတို့က ဇာချာရီးရက်စ်၏ ပိုင်နက်နယ်မြေသို့ နေ့လည်တွင်ရောက်ရှိသွားသည်။
လေလွင့်သားရဲတွေနဲ့ တိုက်ခိုက်ထားတဲ့နှစ်တွေရှိတာကြောင့်လားတော့ မသိပေမဲ့ ဇာချာရီးရက်စ်မျိုးနွယ်စုရဲ့ အမူအကျင့်က နဇိုင်းရယ်နဲ့ ဆာရူဒါထက်ပိုပြီးတော့ ကြံ့ခိုင်ပုံပေါ်သည်။ သူတို့လာတဲ့လမ်းမှာ သားရဲတွေက စီတန်းကြိုဆိုနေသည်။
ESTÁS LEYENDO
အလှလေး ရှောင်မန် Book 5 (645- 994)
Romancesequel of book 4 translation of Beauty and the beast wolf hubby xoxo all crd to original Author su yujin you can read in webnovel