အခန်း (923 & 924)

451 72 1
                                    

အခန်း (၉၂၃) : ဖော်ပြ၍မရနိုင်သော

ဂူမန်မန် နှာခေါင်း သွေးလျှံနေသည်။

လီရာ၏ စနောက်မှုကြောင့် မဟုတ်ပဲ……

သူတို့က ပြောလို့မကောင်းတဲ့ ပုံစံအနေအထား ဖြစ်နေလို့ပင် ဖြစ်သည်။

အဲလ်ဗစ်နဲ့ လီရာနှစ်ယောက်လုံးက အရပ်ရှည်ပြီး ဗလတောင့်ကြသည်။ သူမက အဲလ်ဗစ် ရင်ခွင်ထဲမှာရှိတုန်း လီရာက သူမအပေါ် မှီထားသည်။

လီရာရော အဲလ်ဗစ်ရော သူမ တစ်ကိုယ်လုံးကို ဖုံးအုပ်ထားသည်။ ဘေးနားမှာရှိနေသောသူတွေက  သူမရဲ့ ဆံပင်တစ်မျှင်ကိုတောင် မြင်နိုင်မည်မဟုတ်ပေ။

မသိလျှင် လီရာက အဲလ်ဗစ် ရင်ဘတ်နားကပ်ကာ တိုးတိုးပြောနေပြီး အဲလ်ဗစ်က လီရာကို ပြန်စိုက်ကြည့်နေသော ပုံစံဖြစ်နေသည်။

သေစမ်း

သူမ ဒီကို ပထမဆုံး စရောက်လာတုန်းကလိုမျိုး ထပ်ပြီးတွေးမိနေပြန်သည်။

လီရာနဲ့ အဲလ်ဗစ်ကတော့ သူမ ဘာတွေစဉ်းစားနေမှန်းမသိတာကြောင့် သူမ နှာခေါင်းသွေးလျှံလာတာကို မြင်တာနဲ့ ထိတ်ထိတ်လန့်လန့် ဖြစ်ကုန်ကြသည်။

အဲလ်ဗစ်က ဘာမှမပြောပဲ ဂူမန်မန်ကို ချီကာ တံခါးပေါက်နေ ပြေးထွက်သွားသလို လီရာကလည်း သူတို့နောက်ကနေ ထပ်ကြပ်မကွာလိုက်ပါသွားသည်။

ကိုးလ်သာ ပဉ္စမအဆင့်သားရဲ မဟုတ်ပါက သူတို့ ဘယ်လိုပျောက်ကွယ်သွားလဲဆိုတာကိုတောင် ချက်ချင်းသိနိုင်မည်မဟုတ်ပေ။

ဘာတွေ ဖြစ်နေတာလဲ

ဘာတွေဖြစ်နေတယ်ဆိုတာကို ကိုးလ်က မသိပေမဲ့ အဲလ်ဗစ်နဲ့ လီရာတို့နောက်သို့ လိုက်သွားသည်။

ဆာရူဒါအနီးမှာ စမ်းချောင်းတွေ မရှိတာကြောင့် စမ်းချောင်းတစ်ခုဆီ ရောက်ဖို့အတွက် အဲလ်ဗစ် အတော်လေး ပြေးလိုက်ရသည်။ ရောက်တာနဲ့ တွေဝေခြင်းမရှိ ဂူမန်မန်ကို ချီထားရင်း ရေထဲခုန်ချလိုက်သည်။

ဂူမန်မန် တစ်ချိန်လုံး ဘာမှမပြောပဲ လိုက်ပါလာခဲ့ရသည်။ အဲလ်ဗစ် ရပ်လိုက်တဲ့အချိန် ဘာစကားမှပြောခွင့်မရပဲ ရေထဲသို့ ပါသွားရပြန်သည်။ သူမ ပါးစပ်ထဲသို့ ရေတွေ ဝင်ကုန်ပြီ ဖြစ်သည်။

အလှလေး ရှောင်မန် Book 5 (645- 994)Donde viven las historias. Descúbrelo ahora