အခန်း (၆၅၆) : မင်း ဒီကိစ္စမှာ အားကျနေရုံအပြင် ဘာမှမတတ်နိုင်ဘူးနော်
လီရာက သစ်လုံးကိုမှီထားရင်း ရယ်ကာ ပြောလိုက်သည်
“ ဟုတ်ပါပြီ….မင်းသာ ဒီလိုဆက်လုပ်နေဦးမယ်ဆိုရင် ကိုယ် သဝန်တိုမိတော့မယ်နော်”အဲလ်ဗစ်က ကြိတ်ရယ်ရင်း ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်သည်။
အဲလ်ဗစ် ဟန်ဆောင်နေသော်လည်း ဒဏ်ရာက ပြန်မကောင်းသေးမှန်း ဂူမန်မန်သိသည်။
လီရာက ဂူမန်မန်ကို သစ်လုံးလှေထဲကနေ ထုတ်ကာ သူမရဲ့နှာခေါင်းထိပ်လေးကို တို့ရင်း ပြောလိုက်သည်
“ အဲလ်ဗစ်က ပဉ္စမအဆင့်သားရဲလေ။ သူက ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတယ်ဆိုပေမဲ့လည်း သူ့ရဲ့ပြန်လည်ကုသနိုင်စွမ်းကလည်း အံ့မခန်းပါပဲ။ ပြီးတော့…..မင်းမှာ ကိုယ်ရှိသေးတယ် မဟုတ်လား။ မင်း သူ့အတွက်နဲ့ငိုယိုပြီး ဝမ်းနည်းနေမှာကို ကိုယ်မကြည့်ရက်လို့ သူ့ကို ကိုယ့်ရှေ့မှာတော့ သေခွင့်မပေးနိုင်ဘူး”လီရာ ထိုကဲ့သို့ သဝန်တိုသည့်ပုံစံလုပ်ပြနေတာက သူမကို ထပ်ပြီးဝမ်းမနည်းတော့အောင် လုပ်နေမှန်း ဂူမန်မန် သတိပြုမိသည်။
သူမရဲ့ မျက်ရည်တွေကို သုတ်ပေးလိုက်တော့ သူမက လီရာရဲ့လည်ပင်းကို သိုင်းဖက်ကာ မေးလိုက်သည်
“ မင်းရော ဘယ်လိုလဲ။ မင်းရော တစ်နေရာရာကို ပြင်းပြင်းထန်ထန် ထိခိုက်သွားသေးလား”လီရာက တခစ်ခစ်ရယ်ကာ မျက်နှာထားက ကို့ရို့ကားရားနိုင်စွာဖြင့် ပြောလိုက်သည်
“ ကိုယ်က အဲလ်ဗစ် မဟုတ်တော့ မင်းက သားရဲအရှိန်အဝါ ထုတ်နေစဉ်အတွင်း မင်းကို ဖက်ထားမပေးနိုင်ဘူးနော်”ဂူမန်မန် ပြန်စဉ်းစားလိုက်တော့ အဲလ်ဗစ်သာ သူမကို လာမဖက်ခဲပါက သူမရဲ့ခံစားချက်တွေက ဘယ်လောက်ထိ အထိန်းအကွပ်မဲ့နေမလဲဆိုတာကို မပြောတတ်တော့ပေ။
အဲလ်ဗစ်က ရှေ့တိုးလာကာ ဂူမန်မန်၏လက်လေးကို နမ်းရင်း ပြောလိုက်သည်
“ မင်း သားရဲအရှိန်အဝါထုတ်လိုက်တာနဲ့ သူက မူလအသွင်နဲ့ လဲကျသွားတော့တာပဲ”လီရာက အဲလ်ဗစ်ဘက်သို့လှည့်ကာ နှာမှုတ်လိုက်ပြီး မျက်နှာကို တစ်ခြားဘက်သို့ လွှဲထားလိုက်သည်။
ESTÁS LEYENDO
အလှလေး ရှောင်မန် Book 5 (645- 994)
Romancesequel of book 4 translation of Beauty and the beast wolf hubby xoxo all crd to original Author su yujin you can read in webnovel