အခန်း (797 & 798)

569 79 0
                                    

အခန်း (၇၉၇) : သူသာ အသက်ရှင်နေသေးရင် ရပါပြီ

အထဲက ဂူရဲ့ပုံစံက ဂူမန်မန်ကို ‘အနောက်ဘက်အရပ်သို့ ခရီးသွားခြင်း’ဆိုတဲ့ ဝတ္ထုထဲကလို ရေတံခွန်ဂူကို ပြေးမြင်စေသည်။ အဝင်ဝမှာ ရေတံခွန် မရှိတာလေးရယ်၊ မျောက်တစ်ကောင်မှ မရှိတာလေးရယ်သာ ဖယ်လိုက်လျှင် အကုန်အတူတူနီးပါးပင်ဖြစ်သည်။

ဒီလို ဂူမျိုးကို လေလွင့်သားရဲတွေရဲ့ခေါင်းဆောင်က ပိုင်ဆိုင်တယ်ဆိုတာကို ဂူမန်မန် လုံးဝ မယုံနိုင် ဖြစ်နေရသည်။

သူတို့ ဂူထဲကို ဝင်ပြီးချိန်မှာတော့ သားရေများဖြင့်လုပ်ထားသော အိပ်ရာကိုတွေ့လိုက်ရသည်။ ထိုပေါ်တွင် အမျိုးသမီးတစ်ယောက် လဲလျောင်းနေသည်ကိုပါ တွေ့လိုက်ရသည်။

ဂူမန်မန်က လီရာကို အချက်ပြကာ ထိုအမျိုးသမီး၏ အခြေအနေကို စစ်ဆေးခိုင်းလိုက်သည်။ သူမမှာ အပြင်ဒဏ်ရာရော အတွင်းဒဏ်ရာပါ မရှိသော်လည်း သူမ ပုံကြည့်ရတာ သေတော့မဲ့သူ တစ်ယောက်လို ဖြစ်နေသည်။

လီရာက ပီတာကို ကြည့်ရင်း ပြောလိုက်သည်

“ သူမ ဒီလိုဖြစ်တာ ဘယ်လောက်ကြာပြီလဲ”

ပီတာက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်

“ မုတ်သုံရာသီ ပြီးကတည်းက အစာအစားဖို့ ငြင်းနေတာ….အခုတော့ ဆာလောင်ပြီး သေတော့မယ်”

ဂူမန်မန်က အဲလ်ဗစ်ကို အကဲခတ်လိုက်တဲ့အခါမှာတော့ ထိုအမျိုးသမီးကို သူစိမ်းတစ်ယောက်လိုသာ စိုက်ကြည့်နေသည်။

ဂူမန်မန်က သက်ပြင်းချကာ ပြောလိုက်သည်

“ ရှင်တို့ အကုန်လုံးအပြင်ထွက်…ကျမ သူမနဲ့ စကားပြောချင်တယ်”

အဲလ်ဗစ်က ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ပြီး စိတ်ပူစရာမရှိဘူးဆိုမှ လှည့်ထွက်သွားလိုက်သည်။ ပီတာက သိချင်နေသော်လည်း ဘာမှမတတ်နိုင်ပဲ သူလည်း ထွက်သွားရသည်။

အကုန်လုံး ထွက်သွားတော့မှ ဂူမန်မန်က ထိုအမျိုးသမီး၏ ဘေးတွင် ထိုင်လိုက်ပြီး ပြောသည်

“ ကျမက ဂူမန်မန်ပါ အဲလ်ဗစ်ရဲ့ ပါတနာလေ”

သူမရဲ့ စကားလုံးတွေမှာ ထိုအမျိုးသမီး၏ မျက်လုံးတောက်ပသွားရသည်။ သူမက ဂူအဝကို ကြည့်လိုက်သော်လည်း အဲလ်ဗစ်က ထွက်သွားခဲ့ပြီ ဖြစ်သည်။

အလှလေး ရှောင်မန် Book 5 (645- 994)Donde viven las historias. Descúbrelo ahora