အခန်း (703 & 704)

835 92 0
                                    

အခန်း (၇၀၃) : ကိုယ့်ရဲ့ မန်မန်က ကိုယ့်အတွက်  ပျော်ရွှင်မှုတွေကို ယူဆောင်လာမယ်လို့ ယုံကြည်တယ်

ဂူမန်မန်က သက်ပြင်းချကာ ပြောလိုက်သည်
“ အဲ့လို တစ်ယောက်နဲ့တစ်ယောက် မယုံတာကြောင့် ဘယ်လိုဒုက္ခတွေကို ရင်ဆိုင်ရဦးမှာလဲ။ ကျမက သင်ခန်းစာရနေပါပြီ။ အဲ့တာကြောင့် ကျမ မြင်နေရတဲ့အရာတွေ ထက်စာရင် ရှင်နဲ့အဲလ်ဗစ်ကိုပဲ အကြွင်းမဲ့ယုံကြည်ဖို့ ရွေးချယ်လိုက်တာ”

လီရာက ဂူမန်မန်ကို ဖက်ကာ ပါးပေါ်သို့ အနမ်းခြွေလိုက်ရင်း ပြောသည်
“ ကျေးဇူးတင်ပါတယ်….ချစ်တယ်နော်”

ဂူမန်မန်က လီရာရဲ့ရင်ခွင်ထဲမှာ မှီရင်း ရယ်ကာ မေးလိုက်သည်
“ ဒါပေမဲ့ ရှင့်ကို ခွင့်လွှတ်ပေးမယ်လို့ ထင်မနေနဲ့နော်။ ကျမရဲ့ ညစာထဲကို ဘာလို့ဆေးခတ်တာလဲ”

လီရာက အပြစ်လုပ်ထားသော ကလေးတစ်ယောက်လိုမျိုး အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်
“ မင်းက သွေးသံရဲရဲတွေကို‌ ကြောက်တယ်လေ…….”

အာ…..

အခုအခြေအနေကလည်း အရွယ်ရောက်ပွဲမှာ ဖြစ်ပျက်တာနဲ့ ပုံစံတူနေသည်။

ထိုနေ့ညက သူမက တိုက်ခိုက်တာတွေကို ကြောက်ပြီး ငိုလိုက်မိတာကြောင့် အခုထိ အဲလ်ဗစ်နဲ့ လီရာကို ဘယ်လိုရှင်းပြရှင်းပြ မရတော့ပေ။ သူမက သွေးတွေကို ကြောက်တတ်တယ်ဟုသာ ထင်မှတ်ထားကြသည်။

သို့သော် အခုဆိုလျှင် သူမရဲ့ ခန္ဓာကိုယ်ထဲမှာ နှစ်တစ်ထောင်လောက်  အထီးကျန်နေခဲ့သော ကမ္ဘာ့အရက်စက်ဆုံး ဝိညာဉ်  ရှိနေပြီ  ဖြစ်သည်။

သူမရဲ့ မှတ်ဉာဏ်ထဲမှာ သွေးသံရဲရဲတွေကို မြင်တွေ့ရတာကြောင့် ကျင့်သားတောင် ရနေပြီဖြစ်သည်။

“ ကိုးလ်က ဒီနေ့လာမယ်ဆိုတာကို ရှင် ဘယ်လိုလုပ်ပြီးတော့ သိတာလဲ” ဂူမန်မန်က သူမ သွေးမကြောက်တဲ့အကြောင်းကို ရှင်းပြဖို့ကြိုးစားမနေတော့ပေ။ သူတို့နှစ်ယောက်ကို လည်ချောင်းခြောက်ကပ်သွားတဲ့အထိ ရှင်းပြရင်လည်း သူမကို ယုံမည်မဟုတ်ပေ။

လီရာက မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်
“ ဘာလို့လဲဆိုတော့ သူက လောဘကြီးတယ်လေ”

အလှလေး ရှောင်မန် Book 5 (645- 994)Tahanan ng mga kuwento. Tumuklas ngayon