အခန်း (713 & 714)

662 74 7
                                    

အခန်း (၇၁၃) : အချစ်ရေ….ရှင် ဒီနေ့ ဆေးရော သောက်ပြီးပြီလား

“ နှစ်ရက်လုံး အမဲလိုက်ထားရလို့ အဲ့မှာတောင်လိုပုံနေပြီ။ ဒါပေမဲ့ မင်းက မိတ်ဖက်ပြီးတော့ ကိုယ့်အတွက် စားစရာ  ချက်ပေးဖို့တောင် အချိန်မရှိဘူးလေ….” အော်ရီတင်က သက်ပြင်းချကာ ဂူမန်မန်ကို အဓိပ္ပာယ်ပါပါ  ကြည့်လိုက်သည်။ သူ့ရဲ့မျက်နှာထား ခပ်တည်တည်  ဖြစ်နေသော်လည်း စိတ်ပျက်မှုကို သူမ ခံစားနေရသည်။

ဒါဆို သူ စားဖို့နောက်ကျလို့ဆိုပြီး သူမကို အပြစ်တင်နေတာလား

ကျစ်..ကျစ်…ကျစ်….အလကားလာစားတဲ့သူက အပြစ်တင်ကြေးလား…..

လီရာက ဂူမန်မန်ကို ကြည့်နေသော အော်ရီတင်ကို မြင်ကွင်း  ပိတ်ဆို့လိုက်ပြီး မေးမော့ကာ ပြောလိုက်သည်
“ ထပ်ပြီးကြည့်လိုက် မင်းရဲ့ မျက်လုံးတွေကို ဖောက်ထုတ်ပစ်လိုက်မယ်”

အော်ရီတင်က လီရာကို ပြန်စိုက်ကြည့်ပြီး ပြောလိုက်သည်
“ မင်း ငါ့ကို မနိုင်ပါဘူး”

လီရာက စိတ်မတိုပဲနဲ့ ပြုံးရင်း ပြောလိုက်သည်
“ ဒီမိသားစုမှာ ဘယ်သူက ချက်ပြုတ်ပေးလဲဆိုတာ မင်းမေ့သွားပြီလား”

အော်ရီတင်ရဲ့ မျက်လုံးထဲက ရွံရှာမှုတို့ ပျောက်ကွယ်သွားပြီးနောက် မျက်နှာချိုသွေးကာ ပြောလိုက်သည်
“ မင်း နိုင်ပါတယ်ကွာ….ငါ ထပ်ပြီး မကြည့်တော့ပါဘူး”

လီရာက ခေါင်းမော့ကာ လှောင်ရယ်လိုက်ရင်း ဆက်ပြီး ချက်ပြုတ်နေသည်။

အီရန်က ခေါင်းယမ်းကာ ပြောလိုက်သည်
“ မင်းရဲ့ ဂုဏ်သိက္ခာတွေကို ဘယ်မှာ လွှင့်ပစ်လိုက်လဲ။ အစားတစ်လုပ်အတွက်နဲ့ လက်လျှော့လိုက်တာလား….အော်ရီတင်…ဒီသတင်းတွေသာ အပြင်ထွက်သွားရင် ဟားတိုက်ခံရမှာ မကြောက်ဘူးလား”

အော်ရီတင်ရဲ့ အကြည့်က ပန်းကန်ပေါ်က အသားဆီ  ရောက်သွားတာကြောင့် အီရန်ပြောတာကို မတုံပြန်နိုင်သေးပေ။

ခဏနေမှ ကြည့်လိုဝသွားမှသာ ပြောလိုက်သည်
“ ငါ့ကို လှောင်ရဲတဲ့သူ ဘယ်သူပဲဖြစ်ဖြစ် သေတဲ့အထိ ကိုက်သတ်ပစ်မယ်”

အလှလေး ရှောင်မန် Book 5 (645- 994)Donde viven las historias. Descúbrelo ahora