အခန်း (660)

818 80 4
                                    

အခန်း (၆၆၀) : ကျတော် ပိုင်ဆိုင်တာကို ကျတော်ပြန်ပေးပါ့မယ်

စားသောက်နေစဉ် အခြေအနေက အတော်လေး ထူးဆန်းသည်။

အော်ရီတင်က လီရာကို မျက်နှာသေဖြင့် စိုက်ကြည့်နေသည်။

လီရာနဲ့ အဲလ်ဗစ်ရဲ့စူးရှတဲ့အကြည့်တွေကလည်း ဘာကီကို ဝါးမျိုလုမတတ်ဖြစ်နေသည်။

ဘာကီနဲ့ ကလေးသုံးယောက်ကတော့ စားစရာကိုသာ တိတ်တဆိတ်စားနေရင်း ဂူမန်မန်ကို ချောင်းကြည့်နေကြသည်။

ဂူမန်မန်၏မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်နေသည်။
သူမက စားစရာကို ကောင်းကောင်းစားချင်ရုံပါ

ကန်ဝူက သူ့ပန်းကန်ထဲက အသားကို မထိရသေးတာကို ရိပ်မိသွားပြီး ဂူမန်မန်က သူ့ကို ဖက်ထားကာ မေးလိုက်သည်
" သား ဘာလို့ မစားတာလဲ"

ကန်ဝူက ခေါင်းငုံ့ကာ သူ့ပန်းကန်ထဲက အသားကို စိုက်ကြည့်ရင်း ပြန်ဖြေလိုက်သည်
" ကျတော်က ဆရာဘာကီကို ဖိတ်ခဲ့တာဆိုတော့ ကျတော့်ရဲ့ဝေစုကို သူ့ကို ပေးမလို့ပါ"

ဂူမန်မန်က ရင်နာနာနှင့် မျက်မှောင်ကြုတ်လိုက်သည်။

အဲလ်ဗစ်ရဲ့ သင်ကြားမှုက အရမ်းလွန်မှန်း၊ ကလေးတွေရဲ့ စိတ်ထဲမှာ ဖိအားဖြစ်သွားမှန်း သူမ သိသည်။

သို့သော် ကလေးတွေရှေ့မှာ အဲလ်ဗစ်ကို မဝေဖန်နိုင်တာကြောင့် သားဖြစ်သူကိုသာ နှစ်သိမ့်စကားဆိုလိုက်သည်
" အရူးလေး ဘာကီက မာမီတို့ တစ်မိသားစုလုံးရဲ့ ကျေးဇူးရှင်ပဲလေ။ သူ့ကို မဖိတ်ကြားခဲ့ဘူးဆိုရင်တော့ မာမီက သူ့ကို ဆာအောင် မထားပါဘူး။ ဒါကြောင့် မင်းရဲ့စားစရာကို သူ့အတွက် ပေးစရာမလိုပါဘူးကွယ်....လိမ္မာတယ်နော် စားလိုက် ဟုတ်ပြီလား"

ကန်ဝဓက ခေါင်းမော့ကာ ဂူမန်မန်ပြီးမှ ခေါင်းပြန်ငုံ့သွားကာ ခေါင်းယမ်းရင်း ပြောလိုက်သည်
" မဟုတ်တာ...ကျတော်ပိုင်ဆိုင်တာနဲ့ ပြန်ပေးရမှာပေါ့"

ထိုစကားကို ပြောနေတုန်း ကန်ဝူရဲ့အကြည့်က အဲလ်ဗစ်ဆီ ရောက်သွားမှန်း ဂူမန်မန် သိလိုက်သည်။ သူမက သားအတွက် ခံစားနေရတာကြောင့် အဲလ်ဗစ်ကို ကြည့်တဲ့အကြည့်ကလည်း အပြစ်တင်သော အကြည့်သာဖြစ်ပေလိမ့်မည်။

အလှလေး ရှောင်မန် Book 5 (645- 994)Tempat cerita menjadi hidup. Temukan sekarang