အခန်း (733- 734)

643 74 1
                                    

အခန်း (၇၃၃) : ရေတွင်းကောင်းတစ်ခုက ဘယ်လိုလုပ်ပြီးတော့ လူသတ်ကွင်းတစ်ခု  ဖြစ်လာရတာလဲ
ထိုအမျိုးသားက အံ့ဩတုန်လှုပ်သော မျက်နှာဖြင့် မော့ကြည့်လိုက်သည်။
သူမက သူ့ကို နတ်ဆေးဆရာအကြောင်း မေးတာက သူ့ကို အပြစ်ပေးမလို့ မဟုတ်ပဲ…ရေထောက်ပံ့ဖို့တဲ့လား
ဂူမန်မန်က တည်ငြိမ်စွာဖြင့် ဆက်ပြောလိုက်သည်
“ နတ်ဆေးဆရာတွေက အမိန့်လက်ခံတဲ့သူတွေဖြစ်တာကြောင့် ကျမရဲ့ လက်အောက်ခံတွေလို့ သဘောထားပါတယ်။ မျိုးနွယ်စုတွေရဲ့ အကျိုးအတွက် ကျမရဲ့ နာမည်ကို သူတို့ကို ပေးသုံးမယ်။ ဒါပေမဲ့ နတ်ဆေးဆရာကလွဲလို့ ကျန်တဲ့သူတွေအားလုံးကတော့ နဇိုင်းရယ်ထဲကို ဝင်လာခွင့် မရှိဘူး။ ဝင်လာရင် အပြစ်ပေးမယ်။ ပြီးတော့…..သူတို့ကိုလည်း ရေယူခွင့် မပေးတော့ဘူး။ ကျမ ပြောတာ ရှင်းရဲ့လား”
“ ဟုတ်…ဟုတ်ကဲ့ ကြားပါတယ်။” ထိုအမျိုးသားက ခေါင်းညိတ်ပြကာ ချက်ချင်း ထွက်ခွာသွားသည်။
ဂူမန်မန်က သက်ပြင်းချကာ လီရာနဲ့ အဲလ်ဗစ်ကို ကြည့်လိုက်ပြီး ပြောသည်
“ ရေတွင်းကောင်း တစ်ခုကနေ ဘယ်လိုလုပ်ပြီး လူသတ်ကွင်းဖြစ်သွားရတာလဲ။ ဘာဖြစ်တာလဲ”
အဲလ်ဗစ်က မျက်မှောင်ကြုတ်ကာ စဉ်းစားရင်း ပြောလိုက်သည်
“ သူတို့ကို ရေပေးလိုက်လို့ မင်း သောက်ဖို့ လုံလုံလောက်လောက် မရှိတော့ရင် ဘယ်လိုလုပ်မလဲ”
ဂူမန်မန်က ရယ်ကာ ပြောလိုက်သည်
“ အဲ့တာကြောင့်မလို့ ရှင်တို့နှစ်ယောက်က ဒီကို ရေယူဖို့လာတဲ့သူတိုင်းကို ခြိမ်းခြောက်လွှတ်တာလား”
အဲလ်ဗစ်က ခေါင်းညိတ်ကာ ပြောလိုက်သည်
“ ကိုယ်တို့ မျိုးနွယ်စုက အမျိုးသမီးတွေရဲ့ အသက်က ဒီရေတွင်းပေါ်မှာ မူတည်တယ်။ အဲ့တာကြောင့် ကိုယ်တို့အမျိုးသားတွေက အသက်နဲ့လဲပြီး ကာကွယ် စောင့်ရှောက်ရမယ်”
ဂူမန်မန်က အဲလ်ဗစ်ရဲ့ရင်ခွင်ထဲမှီကာ ပြောလိုက်သည်
“ လာပြီး ခိုးတဲ့သူတွေရှိတယ်လို့ ကျမကို ဘာလို့ မပြောတာလဲ”
အဲလ်ဗစ်က သက်ပြင်းချကာ ပြောလိုက်သည်
“ ဒီလိုကိစ္စသေးသေးလေးနဲ့တော့ မင်းကို ဒုက္ခမပေးချင်ဘူး”
ဂူမန်မန်က ပြုံးကာ ပြောလိုက်သည်
“ အင်း….ကျမသာ မသိပဲနေခဲ့မယ်ဆိုရင် ရှင်တို့က ဒီကို ရေလာယူတဲ့တွေအကုန်လုံးကို သတ်ပစ်ဦးမှာလား”
အဲလ်ဗစ်က ခေါင်းညိတ်ပြသည်။
ဂူမန်မန်လည်း ဘာပြောရမယ်မှန်း မသိတော့ပေ။
“ လီရာ….ရှင်ကရော ဘာလို့ မတားခဲ့တာလဲ”
လီရာက ပုခုံးကို တွန့်ကာ ပြောလိုက်သည်
“ ကိုယ်က ဘာလို့ တားရမှာလဲ။ သူတို့သာ ကိုယ်တို့ဆီကနေ ကောင်းကောင်းမွန်မွန် လာတောင်းမယ်ဆိုရင် ကိုယ်လည်း နည်းနည်းတော့ ပေးနိုင်တာပေါ့။ ဒါပေမဲ့ သူတို့က တိတ်တိတ်လေး ခိုးနေတော့ သူတို့ကို အလွတ်ပေးလို့ မရဘူးလေ”
သားရဲကမ္ဘာမှာ အကူအညီတောင်းတယ်ဆိုတာမျိုးက မရှိပေ။ သူတို့ကြိုက်ရင် ယူသွားကြတာချည်းပဲ။
သူမက လက်တွေကို ယမ်းကာ ပြောလိုက်သည်
“ ထားလိုက်ပါတော့။ အနီးနားက မျိုးနွယ်စုတွေဆီ အကြောင်းကြားထားလိုက်ပါ။ သူတို့ ရေလိုချင်တယ်ဆိုရင် သူတို့ရဲ့ နတ်ဆေးဆရာတွေကို နဇိုင်းရယ်မှာ လာရောက်ညှိုနှိုင်းပါလို့။ ခိုးပြီး ဝင်လာတဲ့သူကတော့ နတ်ဘုရားရဲ့ အပြစ်ပေးခြင်းကို ခံရမယ်”
“ ဟုတ်ကဲ့” အော်ရီတင်က ပြောပြီး ထွက်သွားသည်။
သူက တမန်တော်၏ အစောင့်ဖြစ်တာကြောင့် တမန်တော်၏ အမှာစကားကို ပြန်ပြောပေးရမှာကလည်း သူ့တာဝန်ပင် ဖြစ်သည်။
ဂူမန်မန်က ကြက်သီးထသည့် ပုံစံဖြင့် ပြောလိုက်သည်
“ နေရာတိုင်းက သွေးတွေကို ကြည့်ပါဦး။ ကြောက်စရာကောင်းလိုက်တာ”
အဲလ်ဗစ်က ဂူမန်မန်ကို ရင်ခွင်ထဲသို့ ဆွဲသွင်းကာ နမ်းရင်း ပြောလိုက်သည်
“ ကိုယ့်လူတွေကို မြေနဲ့ ပြန်ဖို့ခိုင်းထားလိုက်မယ်နော်”
ဂူမန်မန် ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် သူတို့သုံးယောက်လုံး ဂူသို့ ပြန်သွားကြသည်။
နတ်ဆေးဆရာတွေ ရေလာယူတဲ့ကိစ္စအတွက် လီရာက တာဝန်ပေးအပ်ခြင်းခံထားရသည်။ ဂူမန်မန်ကတော့ နားဖို့အချိန် လုံလုံလောက်လောက် ရနေပြီး သူ့သားသုံးယောက်နဲ့အတူ ကျောက်တုံးပေါ်တွင် နေပူဆာလှုံနေသည်။
ခဏအတွင်းမှာပဲ အချိန်နှစ်လ ကုန်ဆုံးသွားသည်။ နဇိုင်းရယ်မှာ ရေတွင်းရှိတဲ့အကြောင်းနဲ့ မျိုးနွယ်စုတိုင်းက နတ်ဆေးဆရာတွေကို ရေယူခွင့်ပြုကြောင်း သတင်းက သားရဲကမ္ဘာတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
အဲ့တာက ဂူမန်မန်အတွက် သေးငယ်သော ကိစ္စပင် ဖြစ်သော်လည်း သူ့မရဲ့ ကောင်းသတင်းကတော့ သားရဲကမ္ဘာတစ်ခွင် သင်းပျံ့နေသည်။
သူမကို နတ်သက်ကြွေလာသော နတ်သမီးဟု ထင်ကြသူများလည်း ရှိပြန်သည်။
သို့သော် အခြေအနေတစ်ရပ်က ရုတ်ချည်း ပြောင်းလဲသွားခဲ့သည်။ လီရာက အဲ့ဒီနေ့အတွက် ဘယ်သူတွေ ရေလာယူရမလဲဆိုသော ကိစ္စကို ပြောနေစဉ် ရေတွင်းမျက်နှာပြင်တွင် ခေါင်းပြတ်တစ်ခု ပေါလော ပေါ်လာသည်။
လူတိုင်းက ထိတ်လန့်သွားကြသည်။ ထိုရေတွင်းကလည်း နဇိုင်းရယ်၏ အသက်သွေးကြော မကတော့ပေ။ အနီးအနားရှိ မျိုးနွယ်စုတွေကလည်း အဲ့ဒီအပေါ်ကိုသာ မှီခိုနေရသည်။
တစ်စုံတစ်ယောက်က ဆုပ်ကိုင်လိုက်တဲ့အခါ ဘာဖြစ်သွားနိုင်မလဲ

အလှလေး ရှောင်မန် Book 5 (645- 994)Where stories live. Discover now